ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာ ရွာဦးကျောင်း ကျောင်းထိုင်ဆရာတော်အား အကြမ်းဖက် PDF များက လုပ်ကြံသတ်ဖြတ်
စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ကိုင်းမကြီးရွာ၊ ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးအား PDF များမှ ခေါင်းဖြတ်သတ်ဖြတ်သွားကြောင်း သိရသည်။
သတ်ဖြတ်ခံရသူ ကျောင်းထိုင်ဆရာတော် ဦးကုမာရ(သက်တော် ၇၃ နှစ်) ဝါတော် (၅၃)ဝါအား PDF အကြမ်းဖက်သမားများက စက်တင်ဘာ ၁၇ ရက်နေ့၊ ည ၁၁ နာရီအချိန်က ဝင်ရောက်ဖမ်းဆီးပြီး ဆင်ချောင်းဆည်အနီး၌ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများ၏ အစွန်းရောက် မှု့ကြောင့် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ဆရာတော်၊ သံဃာတော် အပါး ၈၀ကျော် ပျံလွန်တော်မူခဲ့ရပြီးဖြစ်ကြောင်း သိရသည်။
#PAN