ရုရှားနိုင်ငံက မြန်မာ့ကော်ဖီကို ဝယ်ယူမည် ၊ မြန်မာ – ရုရှားကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်ရှိ

စက်တင်ဘာ ၁၈

       ရုရှားနိုင်ငံက မြန်မာ့ကော်ဖီကို ဝယ်ယူပြီး ကုန်သွယ်မှုလုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။ ရုရှားလက်လီအရောင်းဆိုင်များမှာ မြန်မာ့ကော်ဖီကို အမြဲတမ်းအမျိုးအစားအဖြစ် မိတ်ဆက် ဝယ်ယူတင်သွင်းဖို့ လုပ်ဆောင်နေကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

        ယခု ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာ နိုင်ငံက စိုက်ပျိုးရေးထွက်ကုန်များ ရုရှားဝယ်ယူမှု မြင့်တက်လာပြီး မြန်မာနိုင်ငံအနေဖြင့် ဆန်နှင့်ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း စသည့် စိုက်ပျိုးရေးထွက်ကုန်များ ရုရှားဈေးကွက်သို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံထိ တိုးမြှင့်ရရှိရန် ရည် မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။

         ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်ထိ မြန်မာ-ရုရှားကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်ရှိပြီး ရုရှားနိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ သန်းကျော်နှင့် ရုရှားမှ သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ရှိကြောင်း သိရပါသည်။

#PAN