“မာလီနိုင်ငံတွင် စစ်တပ်နှင့် လက်နက် ကိုင်စစ် သွေးကြွ သူပုန်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ”

စက်တင်ဘာ ၁၈

အနောက်အာဖရိကတိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မာလီနိုင်ငံတွင် ၎င်းတို့နိုင်ငံစစ်တပ်၏ စစ်အခြေစိုက်စခန်းများကို Tuareg သူပုန်များက ပြင်းထန်သော ထိုးစစ်ဆင် မှုများပြုလုပ်ခဲ့ကြပါတယ်။

မာလီနိုင်ငံ စစ်တပ်နှင့် မြောက်ပိုင်း Tuareg သူပုန်များအကြား ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက် တနင်္ဂနွေနေ့က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး လက်နက်ကိုင် သူပုန်များသည် အလယ်ပိုင်းတိုင်း ဒေသ၏ Lere မြို့ရှိ စစ်တပ် အခြေစိုက်စခန်း၂ခု ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းဌာနများကဆိုထားပါတယ်။

Azawad Movements (CMA) လို့ ခေါ်တွင် သော အဆိုပါ လက်နက်ကိုင် သူပုန်မဟာမိတ်အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ ပိုင်း ကတည်းက မာလီ စစ်တပ်ကို တိုက်ခိုက် နေခြင်းလည်းဖြစ်ပါတယ်။

“CMA က Lere ရှိ စစ်စခန်း၂ခုကို ထိန်းချုပ်ထားပါတယ်” လို့ CMA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

မာလီစစ်တပ် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကလည်း လီရီမြို့တွင် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့နှောင်းပိုင်းက ပြောကြားခဲ့ပြီး တုံ့ပြန်ဆောင်ရွက်မှုများ လည်း လုပ်ဆောင် နေကြောင်း ပြောကြားခဲ့ပါတယ်။

Azawad စစ်သွေးကြွများက မာလီနိုင်ငံ Lere မြို့ရှိ စစ်အခြေစိုက်စခန်းကို သိမ်းပိုက်စဉ် အတွင်း တရုတ်နိုင်ငံလုပ် စစ်တပ်သုံး Norinco VP11 MRAP FAMA မော်တော် ယာဉ်များဖျက်စီးခံရမှုများတွင် ပါဝင်နေ ခဲ့ပါတယ်။

ထို့နောက် တရုတ်နိုင်ငံသည် ယခုနှစ် မတ်လတွင် အဆိုပါ စစ်သုံး သံချပ်ကာယာဉ် ဒါဇင်များစွာကို မာလီ စစ်အစိုးရထံ ပေးပို့ခဲ့ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။