မန်ယူကစားသမားဟောင်း ဂရင်းဝုဒ် ဂီတာဖေးအသင်းအတွက် ပွဲဦးထွက်ကစား

Photos: Getafe FC

စက်တင်ဘာ ၁၈
မန်ယူအသင်းကနေ ဂီတာဖေးအသင်းဆီမှာ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားနေတဲ့ အင်္ဂလန် တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ် ဟာလည်း မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲမှာ လူစားလဲ ဝင်ရောက်ကစားခဲ့ပြီး အနိုင်ဂိုး ဖြစ်လာစေမယ့် ထောင့်ကန်ဘောကို ရယူပေးသွားခဲ့ပါတယ်။
ဒီပွဲမှာ ပြိုင်ဘက် အိုဆာဆူနာ ပရိသတ်တွေဟာ ဂရင်းဝုဒ် သွေးပူလေ့ကျင့်နေစဉ် အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စကားလုံးတွေကို အော်ဟစ် ပြောဆိုခဲ့တာကြောင့် လာလီဂါအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဂရင်းဝုဒ်က သူ ပါဝင်ကစားရချိန်အတွင်း ဂိုးကန်ချက် တစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ပြိုင်ဘက် ကစားသမားရဲ့ block လုပ်မှုနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။