စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မဒေါင်ကျေးရွာအနီးတွင် အကြမ်း ဖက်သမား PDF များက အခြေပြုစခန်းပြုလုပ် ခိုအောင်းနေကြောင်း ဒေသခံပြည်သူများက အခိုင် အမာ သတင်းပေးပို့မှုအရ နယ်မြေခံ တပ်မတော်စစ်ကြောင်းက တိတ်တဆိတ်ချဥ်းကပ် ရှင်းလင်းချေမှုန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါ သည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ကြမ်းဖက်သမား PDF ၁၄ ဦးကို M-4 သေနတ် ၅ လက်၊ M-16 သေနတ် ၁ လက်၊ AK သေနတ် ၁ လက်၊ ကျည်အိမ် ၇ ခု တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော်စစ် ကြောင်းဖက်မှ ထိခိုက်သေဆုံး တစ်စုံတရာမရှိကြောင်း သတင်းရရှိပါသည်။
အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုကြသော ပြည်သူများသည် အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို မနှစ်မြို့၊ လက်မခံကြတော့သဖြင့် ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့လျှက်ရှိကြရာ ၎င်း သတင်းများအရ နယ်မြေလုံခြုံရေးအဖွဲ့များက လိုက်လံရှင်းလင်း နှိမ်နင်းလျှက်ရှိပါသည်။
#PAN