ငါန်းဇွန်မြို့နယ်၊ထန်းတပင်ကျေးရွာ၏ အရှေ့ဘက် တောထဲတွင် အကြမ်းဖက် PDF အဖွဲ့ ကထင်းခုတ်သွားသည့် သာမန်ပြည်သူနှစ်ဦးကို နှုတ်ပိတ်သတ်ဖြတ်

စက်တင်ဘာ ၁၈

         မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ကျေးရွာအုပ်စု၊ထန်းတပင်ကျေးရွာ၏ အရှေ့ဘက် လေးဖာလုံခန့်အကွာရှိ တောထဲတွင် အမည်မသိ အကြမ်းဖက် PDF အဖွဲ့ အင်အား ၈ ဦးက ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ထန်းတပင်ကျေးရွာမှ ထင်းခုတ်သွားသည့် ဦးကျော်မင်းဦး၊၂၉နှစ်၊(ဘ)ဦးအေးသန်း၊ဦးမျိုးနိုင်၊၄၁နှစ်၊(ဘ)ဦးဌေးအောင် တို့နှစ်ဦးကို သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦး​ကျော်မင်းဦး တွင် ဝဲဘက် ပါး၊ယာဘက် လက် ဖမိုး၊ယာဘက် ပေါင်တို့၌ ဖောက်ဝင်ဒဏ်ရာများ၊ ဦးမျိုးနိုင်တွင် ယာ-နားထင်နှင့် ယာဘက် ချို စောင်းတို့၌ ဖောက်ဝင်ဒဏ်ရာများ အသီသီးရရှိကာ နှစ်ဦးစလုံး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြကြောင်း သတင်းရရှိပါသည်။

      ၎င်းသေဆုံးသူ နှစ်ဦးစလုံးသည်  သာမန်တောင်သူလုပ်ငန်းဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းပြုနေသူများသာဖြစ်ကြောင်း၊ အကြမ်း ဖက်သမား PDF များအနေဖြင့် ၎င်းတို့ကို တွေ့ရှိသွားသဖြင့် လုံခြုံရေးအဖွဲ့ထံ သတင်းပေးပို့ခြင်းမပြုလုပ်နိုင်ရန် နှုတ်ပိတ်သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ  သိရပါသည်။

#PAN