ရေတာရှည်မြို့နယ်၊ ကံလှရွာတွင် အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF အဖွဲ့များ တစ်ညဝင်ရောက်အခြေပြုပြီး သံတောင်မြောက်ပိုင်းသို့ပြန်လည်ဆုတ်ခွာ

စက်တင်ဘာ ၁၇

       ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဘုရား ကုန်းအုပ်စု၊ ကံလှရွာ(ခရိုင်ချင်းဆက်လမ်းပေါ်)တွင် ယမန်နေ့ ညပိုင်းက သံတောင်မြောက်ပိုင်းမှ ဦးကိုကြီး ဦးစီး အကြမ်းဖက်သောင်းကျန်သူ KNU နှင့် PDF အင်အား ၂၀၀ ခန့်ရောက်ရှိလာခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် သံတောင်မြောက်ပိုင်း၊ သာမိတိုက်အုပ်စု၊ ဗောဓိကုန်းကျေး ရွာအနီးဝန်းကျင်သို့ ပြန်လည်ဆုတ် ခွာသွားပြီး အခြေပြုလျှက်ရှိကြောင်း သိရသည်။

       အဆိုပါ အကြမ်းဖက်ခေါင်းဆောင် ဦးကိုကြီး အဖွဲ့မှ အကြမ်းဖက်သမား ၁၅ ဦးခန့် အင်အားဖြင့် ရေတာ ရှည်မြို့နယ်၊ ဘုရားကုန်းအုပ်စု၊ ရဲကုန်းအုပ်စုများသို့လည်း စစ်ကြောင်းမရှိချိန်များတွင် ဝင်ရောက်ကာ လှည့်လည်သွားလာလေ့ရှိကြောင်း၊ နေပြည်တော်နယ် မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စုသို့လည်း မကြာခဏ လာရောက်တတ်ကြောင်း သတင်းရရှိရပါသည်။

      ရေတာရှည်မြို့နယ်‌ အရှေ့ဘက်၊ အေးသာယာရွာနှင့် ရွှေပြည်သာရွာအနီးတွင် အခြေပြုနေသောအဆိုပါ ဦးကိုကြီး ဦးစီး အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF အဖွဲ့များကို စက်တင် ဘာ ၁၂ ရက်နေ့က နယ်မြေခံစစ်ကြောင်းများက လေကြောင်းပစ်ကူယူ ရှင်းလင်းချေမှုန်းခဲ့ခြင်းကြောင့် အကြမ်းဖက်သမား PDF များ ထိခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြရပြီး ၎င်းနောက်ပိုင်းတွင် အဆိုပါအကြမ်းဖက်အဖွဲ့သည် ရေတာရှည်မြို့နယ်‌အတွင်း ဝင်ရောက်၍ အချိန်ကြာမြင့်စွာ အခြပြုနေထိုင်းခြင်း မပြု လုပ်ရဲတော့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရပါသည်။