ပရီးမီးယားလိဂ်မှာ အမေရိကန်နိုင်ငံသားပိုင် တစ်ဆယ်သင်းမြောက် အသင်း အဲဗာတန်အသင်းဖြစ်လာ

စက်တင်ဘာ ၁၇

       အဲဗာတန်အသင်းသည် အမေရိကန်ရင်းနှီး မြှုပ်နှံမှုအဖွဲ့ 777 Partners လက်ထဲကို ရောက် ရှိတော့မှာ ဖြစ်သည်။ လက်ရှိ အဲဗာတန်အသင်းပိုင်ရှင် ဖာရက်ဒ်မိုရှီရီက ရှယ်ယာ ၉၄ ရာခိုင်နှုန်းရောင်းချသွားမည်ဟု အတည်ပြုထားခဲ့ခြင်းကြောင့် အဲဗာတန်အသင်းသည် 777 Partners လက်ထဲရောက်ခဲ့ပါက ပရီးမီးယားလိဂ်မှာ အမေရိကန်နိုင်ငံသားပိုင် ဆယ်သင်းမြောက်အသင်းဖြစ်လာမှာ ဖြစ်ပါသည်။

      ဗြိတိန်-အီရန်ကပြား ဖာရက်ဒ်မိုရှီရီ က၂၀၁၆ ခုနှစ်မှာ အဲဗာတန်အသင်းကို စတင်ပိုင်ဆိုင်ခဲ့ပြီး ၎င်းလက် ထက်မှာ အဲဗာတန်အသင်းတွင် ကစား သမား ခေါ်ယူမှုအသုံးစရိတ်များပြားခဲ့ပြီးဝင်ငွေ၊ထွက်ငွေမမျှတဘဲ ဘဏ္ဍာရေးအကျပ်အတည်းရှိနေခဲ့သည်။

       ပြီးခဲ့သော ငါးနှစ်စလုံး အဲဗာတန်အသင်းသည် အရှုံးပေါ်ခဲ့ပြီး အရှုံးငွေပေါင်သန်း ၄၃၀ ရှိနေပါသည်။ အဲဗာတန်အသင်းမှာ ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်း မျဉ်းနှင့် စောင့်ကြည့်ခံနေရဆဲဖြစ်ပြီး အရောင်းအဝယ် ကိစ္စမှာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှသာ အပြီးသတ်ဖွယ်ရှိနေပါသည်။ 777 Partners တည်ထောင်သူ ဂျော့ချ်ဝါနာ က အဲဗာတန်အတွက် ပေါင်သန်း ၇၆၀ တန်ကွင်းသစ်စီမံကိန်း အကောင်အထည်ဖော်ပေးမယ်လို့ ကတိပေးထားပါသည်။

#PAN