နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်  မြန်မာအမျိုးသားလေကြောင်း(MNA) (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်း အနားသို့ တက်ရောက်ချီးမြှင့်မြန်မာအမျိုးသားလေကြောင်းကို (၇၅)နှစ် စိန်ရတုတိုင် ရှင်သန်ရပ်တည်နိုင်ရေး ခေတ်အဆက်ဆက်က ကြိုးပမ်းဆောင်ရွက်ပေးကြသူများ၊ ဝန်ထမ်းဟောင်းများ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့်ဝန်ထမ်းများအားလုံးကို ဂုဏ်ယူအသိအမှတ်ပြု

စက်တင်ဘာ ၁၇

      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines – MNA)၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြား သည်။

       အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မ တော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ဒုတိယဝန်ကြီးများ၊ မြန်မာအမျိုးသားလေကြောင်းမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြ သည်။

     ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ် ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာအမျိုးသားလေ ကြောင်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

    ထို့နောက် အခမ်းအနားကို LED Annimation ဖြင့် စတင်ဖွင့်လှစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာအမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန် ရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ်ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် လေ ယာဉ်ခရီးစဉ်များ၊ လေကြောင်းလိုင်း ပြေးဆွဲမှု များဟု ပြောလိုက်ပါက မိမိအပါအဝင် ပြည်သူ လူထုတစ်ရပ်လုံး၏ရင်ထဲ၌ အရင်ဦးဆုံး ပြေးမြင်မိသည်မှာ UBA နှင့် BAC ပင်ဖြစ်ပါကြောင်း၊ မြန်မာ့လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသည့် UBA နှင့် BAC သည် ပြည်တွင်းလေကြောင်းခရီးစဉ်များကို သာမက ဒေသတွင်းပြည်ပနိုင်ငံများနှင့် ခရီးစဉ်များကိုပါ ပြေးဆွဲခဲ့ပြီး သမိုင်းတစ်ခေတ်တွင် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့်လည်း ပြည်သူလူထု၏ရင်ထဲတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး ဂုဏ်ယူဖွယ်ရာလည်း ဖြစ်ပါကြောင်း၊ လေ ကြောင်းပို့ဆောင်ရေးစနစ် အောင်မြင်နိုင်ရေးဆိုရာတွင် လေကြောင်း လိုင်းများ၏ လေယာဉ်အမှုထမ်းများ စွမ်းရည်ကောင်းမွန်မှုသာမက လေယာဉ်ကွင်း များ၊ လေဆိပ်ဝန်ဆောင်မှုများလည်း ကောင်းမွန်ရန်လိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လေယာဉ်ပြေးလမ်းများ အဆင့်မြှင့် တင်ခြင်း၊ တိုးချဲ့ခြင်းများ ပြုလုပ်ပေးနေသကဲ့သို့ လေဆိပ်ဝန်ဆောင်မှုများ ကောင်းမွန်စေရန်လည်း ဖြစ်နိုင်သမျှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေပါကြောင်း၊ အလားတူ လေဆိပ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအသီးသီး၏ စွမ်းဆောင်ရည် ကောင်းမွန်ရန်လည်းလိုပါကြောင်း၊နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လေကြောင်း ပို့ဆောင်ရေးကဏ္ဍသည် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ လေကြောင်းခရီးနှင့် သွားလာခြင်းသည် ငွေကြေးကုန်ကျမှုများသော်လည်း အချိန်တိုအတွင်း လိုရာခရီး သို့ရောက်နိုင်ပြီး လုပ်ငန်းတွင်ကျယ်မှုလည်း ရှိစေပါကြောင်း၊

    ထို့ကြောင့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍကို အလေးအနက်ထား ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်းသည် မြန်မာနိုင်ငံလွတ် လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်တွင် “ ပြည်ထောင်စု မြန်မာနိုင်ငံ လေ ကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့” (Union of Burma Airways – UBA) အမည်ဖြင့် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၇၂ ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေး ကော်ပို ရေးရှင်း” (Burma Airways Corporation-BAC)၊ ၁၉၈၉ ခုနှစ်တွင် မြန်မာ့လေ ကြောင်း” (Myanma Airways-MA) ၂၀၁၅ ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်း” (Myanmar National Airlines – MNA)အဖြစ် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပြည်တွင်း၊ ပြည်ပ လေ ကြောင်းပို့ဆောင်ရေး လုပ်ငန်းများကို ထမ်းဆောင်ခဲ့ပါကြောင်း၊

      မြန်မာအမျိုးသားလေကြောင်းအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို မျှော်မှန်းပြီး ခေတ်အဆက်ဆက် နိုင်ငံတော်ကပေးအပ်လာသည့် လုပ်ငန်းတာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ကောင်းမွန်သည့် အစဉ်အလာနှင့်သမိုင်း ကြောင်းကို ထာဝစဉ်ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာ အမျိုးသားလေကြောင်းအနေဖြင့် ဝေးလံပြီး သွားလာမှုခက်ခဲသည့် ဒေသတွင်ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးကိစ္စရပ်များ အဆင်ပြေစွာဖြင့် အချိန်တိုအတွင်း သယ်ယူပို့ဆောင်ပေးနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံ များ၊ ဒေသတွင်းနိုင်ငံများအကြား ဆက်သွယ်ပျံသန်းပို့ဆောင်နေသည့် လေကြောင်း လိုင်းဖြစ်သည်နှင့်အညီ လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားရန် လို အပ်ပါကြောင်း။

       ပြည်ပခရီးစဉ် ပျံသန်းမှုများအနေဖြင့်လည်း ထိုင်း၊ စင်္ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယစသည့်နိုင်ငံများကို ပုံမှန်ခရီးစဉ် (Schedule Flight) များ ပျံသန်း နေသည့်အပြင် ဗုဒ္ဓဂါယာဘုရားဖူး စင်းလုံးငှား (Charter Flight) ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မကြာမီတွင်လည်း ဒေသတွင်းနိုင်ငံ များသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် လေကြောင်းကုန်စည်ပို့ဆောင်မှုကဏ္ဍတွင် MNA အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်တော့ မည် ဖြစ်ပြီး အောင်မြင်စေရေးအတွက်လည်း ဆုမွန်ကောင်း တောင်းပါကြောင်း။

      ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးနိုင်ငံတိုင်း၏ စီးပွားရေးကဏ္ဍ ကျဆင်းမှု ဖြစ်ခဲ့ရသကဲ့သို့ လေကြောင်းခရီးသွားလာ ပို့ဆောင်မှုအပေါ်တွင်လည်း များစွာ သက် ရောက်မှုရှိခဲ့ပါကြောင်း၊ ယခုပြန်လည်နလန်ထူလာပြီး ခရီးစဉ်ပေါင်းများစွာ၊ လေယာဉ် ပေါင်းများစွာ တိုးချဲ့ပြေးဆွဲနေသည်ကိုတွေ့ရပါကြောင်း၊ ထိုကဲ့သို့ တိုးချဲ့ပြေးဆွဲ နိုင်ခြင်းသည် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အကျိုးဖြစ်ထွန်းမှုရှိခြင်း ကြောင့်သာဖြစ် သည်ဟု သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာအမျိုးသား လေကြောင်းအနေဖြင့်လည်း “ကမ္ဘာကြည့် ကြည့် မြင်” ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလ လေ ကြောင်းခရီးသွားစီးပွားရေးကဏ္ဍ ပြန်လည် ဖွံ့ ဖြိုး တိုးတက်လာသည့် အချိန်ကာလကိုရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာအမျိုးသား လေကြောင်း အနေဖြင့် ဈေးကွက်သုတေသနကို အလေးထား ပြုလုပ်စေလိုပါကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် အခြေအနေနှင့် လိုက်လျောညီထွေစွာ ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး လေယာဉ်စီးရေ တိုးချဲ့မှုများ၊ လက်ရှိပြေးဆွဲနေသည့် ခရီးစဉ်များကို ခေါက်ရေတိုးမြှင့်ပြေးဆွဲမှုများ၊ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲမှုများ ဆောင်ရွက်သွားရန် ကြိုးစားသွားရမည်ဖြစ်ပါကြောင်း၊ ကုန်စည်ပို့ဆောင်ရေး ခရီးစဉ် များကိုလည်း တိုးချဲ့ပြေးဆွဲပျံသန်းရန် စီစဉ်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ပို့ကုန်၊ သွင်းကုန်ကို တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တစ်ဖက် တစ်လမ်းက ကူညီပံ့ပိုးပေးရာ ရောက်မည်လည်းဖြစ်ပါကြောင်း။

လေကြောင်းလိုင်းကိုဦးစီးတာဝန်ယူဆောင်ရွက်နေသူများကအစ အောက်ခြေ ဝန်ထမ်းများအဆုံး အားလုံးက တက်ညီလက်ညီ၊ စည်းလုံးညီညွတ်စွာဖြင့် မိမိကိုယ်ပိုင် စီးပွားရေးကဲ့သို့ သဘောထားဆောင်ရွက်သွားကြမှသာလျှင် တိုးတက်အောင် မြင်မှု ရနိုင်မည်ဖြစ်ပြီး ရေရှည်ရှင်သန်ရပ်တည်သွားနိုင်မည်ဖြစ်ကြောင်းကိုလည်း မှာကြားလို ပါ ကြောင်း။

      လေကြောင်းနှင့် ခရီးသွားကြသူများသည် အချိန်တိုအတွင်း မိမိသွားလိုသည့် နေရာကို ရောက်ရှိလိုကြသူများဖြစ်သည့်အတွက် ခရီးစဉ်များ ပျံသန်းပြေးဆွဲရာမှာ အချိန်မှန်ကန်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာလျင် Connection Flight နှင့် ဆက်သွားကြရမည့် ခရီးသည်များအတွက် အဆင်ပြေမှုရှိစေမှာဖြစ်ပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်း၏ခရီးစဉ်များ အချိန် မှန်မှုရှိလာသည်နှင့်အမျှ ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် မြန်မာအမျိုးသား လေ ကြောင်းအပေါ် ယုံကြည်အားကိုးလာကြမည်ဖြစ်ပြီး အခြားလေကြောင်းလိုင်းများ နှင့်ယှဉ်ပြိုင်ရာတွင် ခရီးသွားများရွေးချယ်မှုအများဆုံးအခြေအနေသို့ ရောက်ရှိလာ မည်ကို အလေးအနက်ထားပြီး မှာကြားလိုပါကြောင်း။

       ပြည်တွင်း၊ ပြည်ပ ခရီးသည်များ မြန်မာအမျိုးသားလေကြောင်းနှင့် ခရီးသွား ရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးသည်လည်း အဓိကကျသည့် အချက်တစ်ချက် ဖြစ်ပါကြောင်း၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည့် Rules and Regulation များ၊ SoP များကိုလည်း တိကျစွာ လိုက်နာကြရန်လိုကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။

       မြန်မာအမျိုးသားလေကြောင်းကို ၇၅ နှစ်၊ စိန်ရတုတိုင် ရှင်သန် ရပ်တည် နိုင်ရေး ခေတ်အဆက်ဆက်က ကြိုးပမ်းဆောင်ရွက်ပေးကြသူများ၊ ဝန်ထမ်းဟောင်း များ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးကို ဂုဏ်ယူအသိ အမှတ်ပြုပါကြောင်းနှင့် မြန်မာအမျိုးသားလေကြောင်း အနာဂတ်ကာလ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွဲ့စည်းပေးထားသည့် စီမံခန့်ခွဲရေးအဖွဲ့က ဦးဆောင်ပြီး ပါဝင် ဆောင်ရွက်နေကြသည့်ကဏ္ဍအလိုက် ဦးဆောင်တာဝန်ခံများ၊ ဝန်ထမ်းများအားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်းအဓွန့်ရှည်‌ အောင် မြင်စွာရပ်တည်နိုင်ပါစေကြောင်းကို  ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

      ၎င်းနောက် မြန်မာအမျိုးသားလေကြောင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ရှင်းလင်းပြောကြားရာ တွင် မြန်မာအမျိုးသားလေကြောင်း စတင်ဖြစ်ပေါ်ခဲ့မှုနှင့် အဆင့်ဆင့်တိုးတက် ပြောင်းလဲ ဖွဲ့ စည်းခဲ့မှု၊ နိုင်ငံတော်၏ လေကြောင်းသယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍကို ဦးဆောင်ခဲ့ပြီး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ လေကြောင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိမှုနှင့် မြန်မာအမျိုး သား လေကြောင်း ၏(၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် နိုင်ငံ တော်၏ လေကြောင်းသယ်ယူပို့ဆောင်ရေးတာဝန်များကို ကျေပွန်စွာ ဆက်လက် ထမ်း ဆောင်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

    ယင်းနောက် မြန်မာအမျိုးသားလေကြောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ယော်က မြန်မာအမျိုးသားလေကြောင်း၏ ခေတ်အဆက်ဆက် ဖြစ်ပေါ်ပြောင်း လဲတိုးတက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာအမျိုးသား လေကြောင်း သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်မှ ကူညီပံ့ပိုးပေးလျက်ရှိသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများအားလုံးကို မြန်မာအမျိုးသားလေကြောင်းမှ အရာထမ်း၊ အမှုထမ်းများ ကိုယ် စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြား သည်။   

      ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာအမျိုး သားလေကြောင်း၏(၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမှတ် တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

        ယင်းနောက်ဖျော်ဖြေရေးအစီအစဉ်ကို ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာ အမျိုးသားလေကြောင်း၏(၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ် လည်နေ့ အထိမ်းအမှတ် အဖြစ် မြန်မာအမျိုးသားလေကြောင်း(MNA)မှ လေယာဉ်မောင်မယ်များက MNA ခေတ် ၄ ခေတ်၏ Uniform Fashion များဝတ်ဆင်၍ စိန်ရတုနှစ်ပတ်လည်နေ့ဂုဏ်ပြုတေး သီချင်းဖြင့် တင်ဆက်ဖျော်ဖြေကြသည်။ ထို့နောက် မြန်မာအမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အမှတ် တရ ဂုဏ်ပြု Video Clip ကို ဖွင့်လှစ်ပြသသည်။

       ဆက်လက်ပြီး နိုင်ငံတော်သံစုံတီးဝိုင်း၏ တီးခတ်မှုဖြင့် နိုင်ငံကျော် တေးသံရှင် များ၏ ဂုဏ်ပြုသီဆိုဖျော်ဖြေမှုများ၊ မြန်မာ့ယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများ စသည်တို့ဖြင့် အသီးသီး သီဆိုကပြဖျော်ဖြေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ 

      သီဆိုကပြဖျော်ဖြေမှုများအပြီးတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် နိုင်ငံတော်သံစုံတီးဝိုင်းမှ ပညာ ရှင်များ၊ မြန်မာ့ယဉ်ကျေးမှုအဖွဲ့မှ အနုပညာရှင်များ၊ နိုင်ငံကျော်တေးသံရှင်များကို ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်ရာ အသီးသီး လက်ခံရယူကြသည်။

      ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံသို့ မြန်မာအမျိုးသားလေကြောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ယော်က မြန်မာအမျိုးသားလေ ကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ် လည်နေ့ အထိမ်း အမှတ် လက်ဆောင်ကို ဂါရဝပြု ပေးအပ်သည်။

     ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာအမျိုး သားလေ ကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းအတွင်း ပြကွက်တစ်ခုချင်း အလိုက် စိတ်ဝင်တစားဖြင့် လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီ ဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က မြန်မာအမျိုးသားလေ ကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ် လည်နေ့ အထိမ်းအမှတ်ပြခန်း ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

#PAN