ကမ္ဘာ့သကြားဈေးနှုန်း မြင့်တက်လခြင်းကြောင့် မြန်မာ့သကြားဝယ်ယူရန် ပြည်ပနိုင်ငံများက ကမ်းလှမ်း

စက်တင်ဘာ ၁၇

       ကမ္ဘာ့သကြားဈေးကွက်တွင် သကြားတစ် တန်ကို အမေရိကန်ဒေါ်လာ ၂၀၀ ကျော် ဈေးမြင့်တက်လာခြင်းကြောင့် အာဆီယံဒေသတွင်းနိုင်ငံများက မြန်မာနိုင်ငံမှ ထွက်ရှိသည့် သကြားကို ဝယ်ယူရန် ကမ်းလှမ်းမှု များလာကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါသည်။

        ယခင်က ကမ္ဘာ့ပေါက်ဈေးအနေနှင့် သကြားတစ်တန်ကို အမေရိကန်ဒေါ်လာ ၅၀၀ အထိသာရှိခဲ့ရာက ယခုအခါ အမေရိကန်ဒေါ်လာ ၇၃၀ အထိ ဈေးမြင့်တက်လာနေကြောင်း ဆိုပါသည်။ ထိုသို့ ဈေးမြင့်တက်လာမှုကြောင့် မြန်မာပြည်ကထွက်သည့် သကြားကို အာဆီယံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ် စသည့်နိုင်ငံ အတော်များများက ဝယ်ယူရန် မကြာခဏကမ်းလှမ်းနေသကဲ့သို့ ဝယ် ယူနေကျဖြစ်သည့် ဗီယက်နမ်နိုင်ငံကဲ့သို့ နိုင်ငံများကလည်း မူလဝယ်ယူသော သကြားတန်ချိန်ထက် ပိုမိုကာ တိုးမြှင့်ဝယ်ယူလိုကြောင်း ကမ်းလှမ်းမှုများ ရှိလာနေကြောင်း သိရပါသည်။

#PAN