“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken၏ ပြီးခဲ့သည့် သီတင်းပတ် ယူကရိန်းခရီး စဥ်အပြီးတွင် အမေရိကန်နိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည် Army Tactical Missile Systems များကို ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးပို့နိုင်ရန် တောင်းဆိုမှုများအား မဖြစ်နိုင်သေးကြောင်း အမေရိကန် အစိုးရနှင့် နီးစပ်သူတစ်ဥိီးက ပြောကြားခဲ့”

စက်တင်ဘာ ၁၇

အမေရိကန်နိုင်ငံ၏ ဘိုင်ဒင်အစိုးရက ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် လာမည့်သီတင်းပတ်အတွင်း အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့တွင် တွေ့ဆုံမှုများပြု လုပ်မည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းနိုင်ငံသို့ တင်ပို့ရန် ၎င်း၏ဆုံးဖြတ်ချက်များကို ကြေညာသွား ရန် အစီအစဉ်မရှိသေးကြောင်း အမေရိကန် အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ယူကရိန်းစစ်ဘက်ဆိုင်ရာ အရာရှိများ က အမေရိကန်နိုင်ငံသည် ၎င်းတို့နိုင်ငံထုတ် မိုင် ၁၉၀ ခန့် အကွာအဝေး ထိ ပစ်လွှတ်နိုင်သော မြေပြင်မှ မြေပြင်ပစ် ပဲ့ထိန်းဒုံး ကျည်စနစ်ဖြစ်သည့် Army Tactical Missile Systems သို့မဟုတ် ATACMS ပေးပို့မှုကို အတည်ပြုနိုင် လိမ့်မည်လို့ မျှော်လင့်ထားကြောင်း ပြောကြားထားကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tony Blinken သည် ပြီးခဲ့သည့်သီတင်းပတ်က ကိယက်ဗ်(ယူကရိန်း) သို့ သွားရောက် လည်ပတ်စဉ်တွင် အဆိုပါကိစ္စရပ်ကို ယူကရိန်းအရာရှိများက တောင်းဆိုခဲ့ခြင်း ဖြစ်တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားထားပါတယ်။

ထို့နောက် အဆိုပါ ဒုံးကျည် ထောက်ပံ့ပေးပို့ရေး ကိစ္စရပ် ကို အမေရိကန် အိမ်ဖြူတော် တွင် သမ္မတ Biden အုပ်ချုပ်ရေးအဖွဲ့များက ATACMS စနစ်အား ယူကရိန်းနိုင်ငံသို့ ထောက်ပံ့မှုနှင့် ပတ်သက်၍ အခြေအတင် ဆွေးနွေးရဆဲလည်း ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံကို တာဝေးပစ် ဒုံးကျည်များထောက်ပံ့မည့် အစီအစဥ်များအား သတင်းဌာနများ၏ မေးမြန်းချက်များကို အိမ်ဖြူတော်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။

ထို့နောက် အလားတူ စစ်လက်နက် များ နှင့် တာဝေးပစ် ဒုံးကျည်များ ထောက်ပံ့မှုများသည် အမေရိကန်အနေဖြင့် ရုရှားတို့၏ အနီရောင်မျဉ်းကိုဖြတ်ကျော်ခဲ့ပြီဖြစ်တယ်လို့လည်း ကရင်မလင်(ရုရှား)က သတိပေးပြောကြား ထားပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။