ဘုရားဝန်းအတွင်း အ​​ကြမ်းဖက်PDFများ စခန်းချနေထိုင်လျက်ရှိကြောင်း ပြည်သူများ၏ သတင်းပေးမှု့အရ လုံခြုံရေးအဖွဲ့မှ ရှင်းလင်းခဲ့ရာ လက် နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်း သိမ်းဆည်းရမိ

စက်တင်ဘာ ၁၇

       စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် လက်ပံသာကျေးရွာရှိ ကမ္ဘာအေးရှင်မင်းချမ်းသာ ဆုတောင်း ပြည့်ဘုရားဝန်းအတွင်း အကြမ်းဖက် သမား PDF များ  စခန်းချနေထိုင်လျက်ရှိကြောင်း တာဝန်သိ ပြည်သူများက လျှို့ဝှက်သတင်းပေးသည့်အတွက် နယ်မြေလုံခြုံရေးအဖွဲ့များက ယမန်နေ့က သွားရောက်ရှင်း လင်းရာ အကြမ်းဖက်သမား PDF များ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြကြောင်း သိရသည်။

       အဆိုပါဘုရား၀န်းအတွင်း လုံခြုံရေးအဖွဲ့များက အသေးစိတ်ရှင်းလင်းရာ ၁၂၀မမ လက်လုပ်စိန်ပြောင်း ၃ လက်၊ ၈၁မမ လက်လုပ်စိန်ပြောင်း ၂ လက်၊ ၆၀မမ လက်လုပ်စိန်ပြောင်း ၈ လက်၊ ၆၀မမ လက်လုပ်စိန်ပြောင်း(၃လက်တွဲ) ၁ လက်၊ ၄၀မမ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်သေနတ် ၁၀ လက်၊ လက်လုပ်ရှော့တိုက်ပြောင်းမျိုးစုံ ၁၀၁ ခု၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁၁ လုံး၊ ၆၀ မမလက်လုပ်ဗုံးသီး ၄၇ လုံး၊ ၈၁ မမလက် လုပ်ဗုံးသီး ၈၉ လုံး၊ လက်လုပ်အီနာဂါဗုံးသီး ၁၀ လုံး၊ လက်လုပ်မိုင်း ၄ လုံး၊ ယမ်းမှုန့် ၂၀ ပိဿာ၊ ယမ်းချောင်း ၁၂၀ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

     လူသတ်အကြမ်းဖက် PDFအဖွဲ့များသည် ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ကျေးရွားများတွင် စခန်းချ၍ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း ၊ခြိမ်းခြောက်ခြင်းများ အမြဲတစေဆောင်ရွက်နေမှု့ကို ရွံရှာမုန်းတီးလာသောကြောင့် အေးချမ်းစွာနေလိုသော ပြည်သူ များက လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်း ပေးပို့မှု့များ ဆောက်ရွက်လာကြကြောင်း သိရသည်။

#PAN