“အမေရိကန် သမ္မတ က ယခုလာမည့် သီတင်းပတ်တွင် Central Asia ဒေသရှိ နိုင်ငံ ၅ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားဖွယ်ရှိနေ”

စက်တင်ဘာ ၁၆

အမေရိကန် နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် က လာမည့်သီတင်းပတ်တွင် ဗဟို အာရှ ဒေသရှိ နိုင်ငံ၅ နိုင်ငံဖြစ်သည့် ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ နှင့် ဥဇဘက်ကစ္စတန် နိုင်ငံတို့ နှင့် အမေရိကန် နိုင်ငံတို့အကြား ပထမဆုံးကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ကျင်းပနိုင်ရန် ရည်ရွယ်ထားကြောင်း သတင်းဌာနများက ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်နေ့ သောကြာနေ့ ကဖော်ပြ ပြောဆိုထားကြပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ Jake Sullivan ၏အဆိုအရ အဆိုပါ ထိပ်သီးဆွေးနွေးပွဲသည် မည်သည့်နိုင်ငံကိုမှ ရည်ညွှန်းခြင်း မဟုတ်ကြောင်း နှင့် အမေရိကန်နိုင်ငံ အနေဖြင့် အဆိုပါနိုင်ငံများ နှင့်အတူ လက်တွဲလုပ် ဆောင်လိုသည့် အပြုသဘောဆောင်သည့် အစီအစဉ်တစ်ခုသာ ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့တာဖြစ်ပါတယ်။