စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာနှင့် ပန်းဖော်ပြင်ကျေး ရွာကြား၌ အမျိုးသမီး တစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရပါ သည်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အလယ်တန်းပြ ဆရာမဒေါ်နှင်းယုနွယ်၊ ၃၆ နှစ်၊ (ဘ) ဦးကျော်ညွန့်ဦးသည် ပေါက်တောကျေးရွာမှ ပန်းဖော်ပြင်ကျေးရွာသို့ စာသင်ရန်သွားစဥ် အခင်းဖြစ်နေရာ လမ်းခရီးတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ သေဆုံးသူ အလယ်တန်းပြ ဆရာမဒေါ်နှင်းယုနွယ်ကို သတ်ဖြတ်ရသည့်အကြောင်းအရင်းကို မသိရှိရသေးကြောင်း၊ သတ်ဖြတ်ခဲ့သည့် လူသတ်တရားခံကို ဖမ်းဆီးရမိရေး တာဝန်ရှိသူများက ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်းသတင်းရရှိပါသည်။
#PAN