ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ တက္ကစီများ သတ် မှတ်ထားတဲ့ အဖြူရောင် Taxi Board တစ်ပြေးညီတပ်ဆင်ရမည်၊ အသိပညာပေးကာလ ရက် ၉၀ သတ်မှတ်

စက်တင်ဘာ ၁၆

      ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော တက္ကစီများကို သတ်မှတ်ထားသည့် အဖြူရောင် Taxi Board တစ်ပြေးညီ တပ်ဆင်ရန်  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က ထုတ်ပြန်ထားသည်။

       တက္ကစီများ အဖြူရောင်ဆိုင်းဘုတ်မီးအိမ် (Taxi Board) တစ်ပြေးညီတပ်ဆင်ရန် အသိ ပညာပေးကာလအဖြစ် ရက်ပေါင်း ၉၀ ဆောင် ရွက်သွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ကာ  လိုက်နာမှုမရှိသည့် တက္ကစီများကို အရေးယူမှာ ဖြစ်ကြောင်း သိရပါသည်။

        မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း YRTC က ပြောထားပါသည်။ သတ်မှတ်ထားသည့် Taxi Board (ဆိုင်းဘုတ်)၏ အရွယ်အစားများမှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ်အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက် မ၊ အပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မ ဖြစ်ပြီး အဆိုပါ Taxi Board ကို ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ ပေအကွာ ဘယ်၊ ညာ ညီညာစွာ တပ်ဆင်ထားရှိရမှာ ဖြစ်ပါသည်။

        ယခု စက်တင်ဘာလမှ စတင်ပြီး ဒီဇင်ဘာ လ ၈ ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားကာ  ပညာပေးကာလ ရက်ပေါင်း ၉၀ ပြီးဆုံးသည့် ဒီဇင်ဘာလ ၉ ရက်မှ စတင်ပြီးတော့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ အရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#PAN