ဘီးလင်းမြို့နယ်တွင် အလူးအနောက်ရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီး တစ်ဦးကို လူသတ် အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ  ၁၆

       ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန် ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေး ရွာအုပ်စု၊ အလူးအနောက်ရွာနေ ဒေါ်ကေသီ၊ ၅၀ နှစ်၊ (ဘ) ဦးကင်းရွှေ၊ ကရင်/ဗုဒ္ဓ၊ အရောင်း အဝယ်လုပ်ကို ၎င်း၏နေအိမ်တွင် အကြမ်းဖက် သမား PDF စိစစ်ဆဲ ၆ ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ် ဖြတ်သွားကြောင်း သိရသည်။

       ဖြစ်စဥ်မှာ ဒေါ်ကေသီ သည် ရန်ကုန်တွင် အရောင်း /အဝယ်လုပ်ပြီး ၎င်း၏အလူးအနောက်ကျေးရွာနေအိမ်သို့ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ပြန် လည်ရောက်ရှိခဲ့ပြီး မိသားစုနှင့်အတူ နေထိုင်လျှက်ရှိရာမှ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ၎င်း၏သားဖြစ်သူ ပြည့်ဖြိုးအောင်၊ ၁၅ နှစ်၊ (ဘ) ဦးကျော်စွာဝင်း၊ ကရင်/ဗုဒ္ဓ၊ (၈)တန်းကျောင်း သားနှင့်အတူ ရှိနေစဉ် အလူးကြီးကျေးရွာဘက်မှ ဆိုင်ကယ် ၃ စီး(စိစစ်ဆဲ)ဖြင့် အကြမ်းဖက်သမား PDF ၆ ဦး(စိစစ်ဆဲ)က နေအိမ်ရှေ့ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ဝင်ရောက်ကာ လက်နက် ငယ်(စိစစ်ဆဲ)ဖြင့် ဒေါ်ကေသီ ကို ၇ ချက်ပစ်ခဲ့သည်။

       ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့်  ဒေါ်ကေသီ တွင် ယာမျက်လုံးအောက် ဖောက်ဝင်/ ယာနားအောက်ဒဏ်ရာ ၁ ချက်၊ ယာလက်ခုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဆီးခုံဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။

      အဆိုပါ အကြမ်းဖက်သမား PDF ၆ ဦးသည် ဒေါ်ကေသီ ကို လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ် ၃ စီး(အမျိုးအစား-စိစစ်ဆဲ)ဖြင့် အလူးလေးကျေးရွာဘက်မှ အလူးကြီးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါ သည်။

      အဆိုပါ သေဆုံးသူ ဒေါ်ကေသီ သည် ပြည်ခိုင်းဖြိုးပါတီဝင် တစ်ဦးဖြစ်ပြီး ၎င်း၏နေအိမ်တွင်မနေဘဲ အခြားမြို့နယ်တွင် တိမ်းရှောင်နေရာမှ ယနေ့တွင် ၎င်းရွာသို့ ပြန်ရောက်ချိန်တွင် အကြမ်းဖက်သမားများက ယခုလို လာရောက်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရပါသည်။

      NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း သိရပါသည်။

#PAN