ပြည်ပဝယ်လိုအား မြင့်တက်နေခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများ ဈေးကောင်းရ

စက်တင်ဘာ ၁၆

      မြန်မာ့ကြက်သွန်နီကို ပြီးခဲ့သည့် ဩဂုတ်လကုန်လောက်မှစပြီး တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများက ဝယ်ယူမှုများလာခြင်းကြောင့် အရောင်းအဝယ်သွက်ပြီး ကြက်သွန်စိုက်တောင်သူများ ဈေးကောင်းရနေကြောင်း သိရပါသည်။

        ယခုလို ဈေးကောင်းရရှိလာခြင်းကြောင့် ကြက် သွန်စိုက်တောင်သူမျအနေဖြင့် အချိန်စောစောစိုက်ပျိုးလာကြသလို စိုက်ပျိုးသူများ ပိုမိုများပြားလာကြကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်​မှ သိရပါသည်။

       ပြီးခဲ့သော ဩဂုတ်လအတွင်းက အိန္ဒိယနိုင်ငံမှ ကြက်သွန်နီပြည်ပတင်ပို့ကုန် အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် ပြည်ပ နိုင်ငံတချို့က မြန်မာကြက်သွန်နီကို တိုးမြှင့်မှာယူမှုများ ရှိလာကြသည့်အတွက် ကြက်သွန်စိုက်တောင်သူများ ဈေး ကောင်း ရရှိလာတာ ဖြစ်ပါသည်။

       စက်တင်ဘာလ ၁၄ ရက် ဘုရင့်နောင်ကုန် စည်ဒိုင်၏ ကြက်သွန်နီလက္ကားဈေးနှုန်းများမှာ တစ်ပိဿာကို ငွေကျပ် ၂,၅၀၀ မှ ၂,၉၅၀ ကျပ်အထိရှိနေပြီး မုံရွာမြို့​နှင့် ဆိပ်ဖြူမြို့များမှ ဝင် ရောက်မှု များပြားနေခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN