စဥ့်ကူးမြို့နယ်တွင် အကြမ်းဖက်သမား PDF ၂ ဦးက အပြစ်မဲ့ပြည်သူ ရာအိမ်မှုးတစ်ဦးကို သေ နတ်ဖြင့် ပစ်ခတ်ထွက်ပြေး

စက်တင်ဘာ ၁၆

      မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာ၊​​အောင်နိူင်ရေးရပ်ကွက် ရာအိမ်မှုး ဦးအောင်အောင်၊၄၅နှစ်၊(ဘ)ဦးစိုးလှ၊စျေးရောင်း၊နွယ်ရုံကျေးရွာ၊အောင်နိူင်ရေးရပ်ကွက်နေသူသည် ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် နေအိမ်၌ ထိုင်နေစဥ် အကြမ်းဖက်သမား PDF ၂ ဦး၊ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်(အမျိုးအစား စီစစ်ဆဲ)ဖြင့် ပစ်ခတ်ကာ မင်းပန်းတောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

       ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးအောင်အောင်တွင် ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဆီးခုံအထက် ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဘယ်-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး အခင်း ဖြစ်နေရာ အနီးမှ ၅.၅၆ ကျည်ခွံ ၂ ခု တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

        ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ၏ လမ်း ညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များသည် စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေးဟူသော ကြွေး ကြော်မှုဖြင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားရန် ရည်ရွယ်ပြီး ယခုလို အရပ်သားပြည်သူ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို ပစ်မှတ်ထား လိုက်လံသတ်ဖြတ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

#PAN