ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၁,၀၀၀ ကျော် ထပ်မံခေါ်ယူမည်

စက်တင်ဘာ ၁၆

      ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများမှ မြန်မာလုပ်သား ၁၀၅၃ ယောက်ခေါ်ယူရန် ကမ်း လှမ်းထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ထား သည်။ ဂျပန်နိုင်ငံဘက်က ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများထဲမှ စက်တင် ဘာလ ၁ ရက် မှ စက်တင်ဘာလ ၁၅ ရက်အတွင်း စိစစ်ပြီး ကမ်းလှမ်းစာများကို ယခုလို ထုတ်ပြန်လိုက်တာဖြစ်သည်ဟု ဆိုသည်။

      သံရုံးအနေနှင့် အလုပ်ကမ်းလှမ်းစာများကို စိစစ်ရာတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်း အထောက်အထားများကို အဓိကထားပြီး စိစစ်ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသို့ စိစစ်ပြီး မှန်ကန်မှုရှိမှ အလုပ်ကမ်းလှမ်း စာများကို နိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

#PAN