“NATO မဟာမိတ် ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြသည့် အမေရိကန် သမ္မတ နှင့် ယူကရိန်း သမ္မတနှစ်ဦးတို့သည် ယခုလာမည့်အပတ်အတွင်း ထပ်မံ တွေ့ဆုံမှုများပြုလုပ်သွားဖွယ်ရှိနေ”

စက်တင်ဘာ ၁၅

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelenskyy က လာမည့်သီတင်းပတ်တွင် အမေရိကန် နိုင်ငံ နယူးယောက်မြို့၌ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်သွား မည်ဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ယူကရိန်း အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်များကို ကိုးကားပြီး သတင်းဌာနများက ဖော်ပြပြော ဆိုထားကြပါတယ်။

ယူကရိန်းသမ္မတ နှင့် အမေရိကန်သမ္မတ တို့ကြား တွေ့ဆုံမည့်နေရာကို လတ်တလော မသိရသေးကြောင်းကိုလည်း သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။

Zelenskyy နဲ့ Biden တို့နှစ်ဦးသည် အမေရိကန် သမ္မတ အိမ်ဖြူတော်တွင် တွေ့ဆုံမှာလား ဒါမှမဟုတ် နယူးယောက်မှာ တွေ့ဆုံမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသည့်အပြင် အမေရိကန် အိမ်ဖြူတော်ကလည်း အဆိုပါ တွေ့ဆုံမှုကို မှတ်ချက်ပေးရန် ငြင်းဆိုထားပါတယ်။

ထို့နောက် အမေရိကန်နိုင်ငံသမ္မတ Biden က ယခု၂၀၂၃ခုနှစ် ပြီးခဲ့သည့် ဇူလိုင်လ တွင် လစ်သူယေးနီးယားနိုင်ငံ Vilniusတွင် ကျင်းပခဲ့သည့် NATO မဟာမိတ် ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းသမ္မတ Zelenskyy နှင့် တွေ့ဆုံမှုများပြု လုပ်ခဲ့ကြကြောင်းလည်း သတင်းဌာနများက ထပ်လောင်းပြော ကြားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *