စက်တင်ဘာ ၁၅
ယမန်နေ့ ညက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်ရှိ ဓာတ်တိုင်ပေါ်သို့ လျှပ်စစ်ဝါယာကြိုးတက်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်၍ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ဝါယာကြိုးတက်ခိုးသည့် အမျိုး သား၏ ရုပ်အလောင်းကို ယနေ့ နံနက် ၆နာရီ ၃၀ မိနစ်အချိန်ခန့် တွင် စေတနာရှင်လူမှုကူညီရေးအသင်းမှ ဓာတ်တိုင်းပေါ်တက်၍ သေဆုံးသူကို ကူညီရယူပေးခဲ့ကြောင်း သိရသည်။
မကြာသေးမီ ရက်ပိုင်းကလည်း ချမ်းမြသာစည်မြို့တွင် လျှပ်စစ်ဝါယာကြိုးတက်ခိုးသည့် အမျိုးသား ၂ ဦးအနက် ၁ ဦးမှာ ဓာတ်လိုက်၍ သေဆုံးပြီး ၁ ဦးမှာ ဖမ်းဆီးရရှိခဲ့မှု ဖြစ်စဉ်တခု ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN