လဲချားမြို့ရှိ ဒေသခံပြည်သူများအား စားသုံးဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

စက်တင်ဘာ ၁၅

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၊ မြို့မဈေးအနီးတွင် စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ စားရေးအထောက် အကူပြုစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများက စားသုံးဆီနှင့် အခြေခံစားကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့သည်။

       အဆိုပါ ရောင်းချပေးနေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအား ပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

#PAN