လိုင်စင်မရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်များ အရေးယူခံရနိုင်

စက်တင်ဘာ ၁၅

      အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် အကျိုးဆောင်လိုင်စင်မရှိသူများအနေနှင့် အိမ်ခြံမြေဥပဒေ ပေါ်လာရင် အရေးယူခံရနိုင်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင် က စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ အေးရှားပလာဇာဟိုတယ်မှာပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြား ခဲ့ကြောင်း သိရပါသည်။

      အကျိုးဆောင်လိုင်စင်လျှောက်ထားရန်အတွက် MRESA အသင်းဝင်ကတ်ပြားကို ဦးစွာရယူရမှာဖြစ်ပြီး ထုတ်ပေးသည့် အသင်းဝင်ကတ် ပြားနှင့်အတူ အကျိုး ဆောင်လိုင်စင် လျှောက် ထားရမည် ဖြစ်ကြောင်း၊ အိမ်ခြံမြေ အကျိုး ဆောင် လုပ်ကိုင်သူတစ်ယောက်အနေနှင့် MRESA အသင်းသို့ ဝင်ထားသည့်အခါ အကျိုး ဆောင်ခကို လိမ်လည်ရယူပြီး ရှောင်တိမ်းခြင်းမျိုးများ ပြုလုပ်၍ မရသကဲ့သို့ လိမ်လည်ခံရသည့် သူများ အနေနှင့်လည်း အသင်းကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဆိုပါသည်။

#PAN