“ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ရုရှားနိုင်ငံ၏ စိီးပွားရေးများကို ထိခိုက်လာစေရန် ခေါင်းစဥ် ဖြင့် တူရကီနိုင်ငံပိုင် ကုမ္ပဏီကြီး ၅ခုအား အမေရိကန်နိုင်ငံ အစိုးရက အမည်ပျက် စာရင်းတင်သွင်းခဲ့”

စက်တင်ဘာ ၁၅

ရုရှားနိုင်ငံ နှင့် ကုန်သွယ်မှုပြုလုပ်နေခြင်းများ အတွက် အမေရိကန်နိုင်ငံက တူရကီ နိုင်ငံ၏ ကုမ္ပဏီကြီး ၅ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ယူကရိန်းစစ်ပွဲအတွင်း ရုရှားစီးပွားရေးကို ထိခိုက်ပျက်စီးစေမည့် ပိတ်ဆို့အရေးယူမှုအသစ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် တူရကီနိုင်ငံ၏ ကုမ္ပဏီကြီး ၅ ခုနှင့် တူရကီနိုင်ငံသား၁ဦး တို့ကို နာမည်ပျက်စာ ရင်းသွင်းခဲ့တာလည်းဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားစီးပွားရေးကို ထိခိုက်လာစေရန် ရည်ရွယ်၍ တူရကီကုမ္ပဏီကြီး ၅ခုကို အမေရိကန်နိုင်ငံက အမည်ပျက်စာရင်းသွင်းခဲ့တာဖြစ်ပြီး အဆိုပါ မည်ပျက်စရင်းတွင် ပါဝင်သည့် တူရကီကုမ္ပဏီ၃ခုသည် UAV ထုတ်လုပ် သူများအပါအဝင် ရုရှားကာကွယ်ရေး နှင့်ပတ်သက်နေသည့် ထုတ်လုပ်သူများအဖြစ် နည်းပညာပစ္စည်းများ ပံ့ပိုးပေးသည့်အတွက် အမေရိကန်နိုင်ငံ၏ပိတ်ဆို့အရေးယူမှုအောက်တွင် ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အခြားတူရကီကုမ္ပဏီ၂ခု နှင့် ၎င်းတို့အနက်မှတစ်ခု၏ပိုင်ရှင်သည် ရုရှားကာကွယ်ရေးကဏ္ဍတွင် ပါ၀င်နေသည့် သင်္ဘောများ အတွက် သင်္ဘောပြုပြင် ခြင်းဝန်ဆောင်မှုများ ပေးအပ်ခြင်းကြောင့် ပိတ်ဆို့အရေးယူခံခဲ့ရတာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများက ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက်နေ့တွင် ဖော်ပြပြောဆိုထားကြပါတယ်။