မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၈လုံး သိမ်းဆည်းရရှိ

စက်တင်ဘာ ၁၅

      ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၈ လုံးအား ယနေ့ နံနက် မွန်း လွဲ ၂ နာရီအချိန်ခန့်တွင် သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါသည်။

       အဆိုပါရှော့တိုက်ဒုံး ၈ လုံးကို လှည်းကူးမြိုနယ်၊ညောင်နှစ်ပင်ကျေးရွာ၊မှော်ဘီ – ဆတ်သွားတောကားလမ်းဘေးမှ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ် ကြောင်း၊  မှော်ဘီ-ဆတ်သွားတောကွန်ကရစ်လမ်းနှင့် ပေ၆၀အကွာ အုတ်ဖိုဆိပ် တံတား အနီး လယ် ကွင်းတွင် ရောင်စုံထီးများထောင်ထားသည်ကို ငါးရှာ၊အမှိုက် ကောက်သည့်ကလေးများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တွေ့ရှိမှုကို တာဝန်သိပြည်သူများက နယ်မြေလုံခြုံရေးအဖွဲ့ထံ သတင်း ပေးပို့လာခြင်းကြောင့်  နယ်မြေလုံခြုံရေးအဖွဲ့က သွားရောက် ရှင်းလင်းရာမှ မှော်ဘီလေတပ် သို့ ချိန်ရွယ်ထားသည့် ၁၀၇မမ ရှော့တိုက်ဒုံး ၈ လုံးကိုတွေ့ရှိသိမ်းဆည်း ရမိခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

      အလားတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက အကြမ်းဖက် PDF အဖွဲ့က ရှော့တိုက်ဒုံး ၂ လုံး မှော်ဘီလေတပ်စခန်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ယခု ရှော့တိုက်ဒုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

#PAN