ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်နှင့် ပတ်သက်၍နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်

စက်တင်ဘာ ၁၅

       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ရုရှားနိုင်ငံ ခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့၏ ဖိတ် ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ထားပါသည်။ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

     ” ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့ Tolmachevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၁၂-၉-၂၀၂၃ ရက်၊ ညပိုင်းတွင် ရောက်ရှိခဲ့ရာ လေဆိပ်၌ နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။”

      ” ၁၃-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဗိုစီဗစ်မြို့မှ မော်စကိုမြို့သို့ ထွက်ခွာခဲ့ရာ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာသံအမတ်ကြီး ဦးလွင်ဦး နှင့် မြန်မာသံရုံးဝန်ထမ်းများ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာနနှင့် တတိယအာရှရေးရာဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ”

  ” ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီးသည် မော်စကိုမြို့၊ မြန်မာသံရုံးသို့ သွားရောက်၍ သံအမတ်ကြီး ဦးလွင်ဦးနှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့်  ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ ”

       ” ၁၄-၉-၂၀၂၃ ရက်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆွေးနွေးပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့ တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပြီး၊ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကာနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ ”

        ” ဆွေးနွေးပွဲ၌ မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ စက်မှု၊ ပညာရေး၊ ပြန်ကြားရေးအစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိခဲ့သည့် ချစ် ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် ဆောင် ရွက်ဆဲ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်စေရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ”

       ” ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန် ကြီး ဦးသန်းဆွေ က နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂ၌ မြန်မာ နိုင်ငံအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ မူအရ ရပ်တည်ချက်၊ နားလည်မှုနှင့် ခိုင်မာစွာ ထောက်ခံမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ရုရှားနိုင်ငံမှ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုဗစ် ကာကွယ်ဆေးများ လှူဒါန်းခဲ့ခြင်းနှင့် ၉-၉-၂၀၂၃ ရက်တွင် မိုခါဆိုင်ကလုန်းသင့် ပြည်သူများအတွက်   လူသားချင်းစာနာမှုအကူအညီများကို ပေးပို့ခဲ့ခြင်းတို့အတွက် မြန်မာအစိုးရ နှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ”

    ” ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားနိုင်ငံခြား ရေးဝန် ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့နှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။ ”

     ” မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး သည် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာန၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ နေ့လယ်စာစားပွဲ၌ သက် ဆိုင်ရာနိုင်ငံများ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် နှစ်ဖက်စိတ်ဝင်စားမှုရှိသည့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ ကြသည်။ ”

     ” ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် မြန်မာကိုယ်စား လှယ် အဖွဲ့သည် မော်စကိုမြို့မှ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ ထွက်ခွာခဲ့ကြသည်။ ” ဟု ဖော်ပြထားပါသည်။

#PAN