ပေါင်းတည်မြို့နယ်၊ နယ်မြေလုံခြုံရေးအဖွဲ့ကသတင်းပေးအရ ကင်းပုံးဝပ်စောင့်ဆိုင်းစဥ် အကြမ်းဖက် PDF ၂ ဦးကို လက်လုပ်မိုင်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့

စက်တင်ဘာ ၁၅

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၊ နယ်မြေလုံခြုံရေးအဖွဲ့သည် ပေါင်းတည် နှင့်သဲကုန်းအစပ်၊ သဲကုန်းအပိုင် သရက်ကိုင်းကျိုးရွာ အရှေ့မြောက်ဖက်တွင် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ကင်းပုံးဝပ်၍ အကြမ်းဖက်သမားများကို စောင့်ဆိုင်းနေစဥ်
မသင်္ကာဖွယ် လူ ၂ ဦးကို တွေ့ဆုံ၍ ရပ်တန့်ခိုင်းရာ
ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

      ထိုသို့ လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်သမား PDF ၂ ဦးကို PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ လုံး၊ Keypad ၁လုံး တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း
သိရပါသည်။

      ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ၏ လမ်း ညွှန်မှုများကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက်သောင်းကျန်သူများ ၏ သတင်းများကို အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လိုကြသော ပြည်သူများက နီးစပ်ရာ လုံခြုံ ရေးအဖွဲ့များထံ လျှို့ဝှက်ပေးပို့မှုများ ပိုမိုလုပ်ဆောင်လာကြကြောင်း၊ ထိုသို့ တာဝန်သိပြည်သူများ၏ သတင်းပေးပို့များကြောင့် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများကို နေ့စဥ်  လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိနေကြောင်း သိရပါသည်။

#PAN