“ပါရှန်ပင်လယ်ကွေ့တွင် ဖြတ်သန်းသွား လာနေသော နိုင်ငံခြား ရေနံတင် သင်္ဘော၂စင်းအား အီရန်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့”

စက်တင်ဘာ ၁၅

Islamic Revolutionary Guard Corps IRGC ရေတပ်၏ တတိယ အဆင့်ရှိရေတပ် ဒုတိယတပ်မှူး Mohammad Sharif Shirali က အမိန့်အရ ၎င်းတို့ IRGC ရေတပ်သည် မှောင်ခိုလောင်စာဆီ မက်ထရစ်တန်ချိန် ၁,၅၀၀ ကျော်နှင့် သင်္ဘောသား ၃၇ ဦးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက် ကြာသပတေးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရေနံတင်သင်္ဘောများသည် ပနားမားနှင့် တန်ဇန်းနီးယားနိုင်ငံတို့၏ အလံများလွှင့်ထူကာ ကုန်သွယ်မှုအမည်များ “စတီဗင်” နှင့် “သရဖူ” စသည့်အမည် တို့ဖြင့် ရေနံမှောင်ခိုကူးနေကြတာဖြစ်ကြောင်း Shirali က ပြောကြားခဲ့ပါတယ်။

ထို့နောက် IRGC ရေတပ်ဦးစီးမှူးက ပါရှန် ပင်လယ်ကွေ့ရေပြင်တွင် မှောင်ခို လောင်စာ ဆီလီတာ သန်း ၁,၅၀၀ တင်ဆောင်လာသည့် အဆိုပါရေနံတင်သင်္ဘောနှစ်စင်း အပါအဝင် သင်္ဘောသားအားလုံးကို ဖမ်းဆီးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။