နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အာဆီယံလေတပ်ဦးစီးချုပ်များအား လက်ခံတွေ့ဆုံ       

စက်တင်ဘာ ၁၅

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက်အာဆီယံ လေ တပ် ဦးစီးချုပ်များ ညီလာခံ 20th AACC သို့တက်ရောက်ခဲ့သည့် အာဆီယံလေတပ် ဦးစီးချုပ်များအား လက်ခံတွေ့ ဆုံသည်။

       အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဦးစီအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်  နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brigadier General (u) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် General Soeung SAMNANG ၊  လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General  Khamlek SENGPH ACHANH ၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ၊ ဗီယက်နမ် နိုင်ငံလေတပ်ဦးစီးချုပ် Lieutenant General Nguyen Van Hien နှှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

     တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ် ၍ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် အခြေအနေများ၊ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်းစာရင်း စမ်းသပ် ကောက်ယူမှု အခြေအနေနှင့် (၁၀)နှစ်တစ်ကြိမ် ဆောင်ရွက်ရမည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်နေမှုများ၊ လွတ်လပ်ပြီးတရားမျှတသော (Free and Fair) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုဆောင်ရွက်နေသည့် အခြေအနေများ၊  အာဆီယံတပ်မတော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဦးစွာဆွေးနွေးပြောကြားပြီး (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး ကျင်းပပြုလုပ်နိုင်ခဲ့မှုအပေါ် အောင်မြင်ပြီးမြောက်ခဲ့မှု အခြေအနေများအား သုံးသပ်ဆွေးနွေး သည်။

       ထို့နောက် အာဆီယံလေတပ်ဦးစီးချုပ်များက နိုင်ငံအလိုက် တစ်ဦးချင်း မိတ်ဆက် ကြပြီး မြန်မာ နိုင်ငံအတွင်းရှိ အထင်ကရ နေရာများသို့သွားရောက်၍ လေ့လာလည်ပတ်ခဲ့မှု၊ ဧည့်ဝတ်ကျေပွန်မှုနှင့်  အစည်း အဝေးကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုများကို ဆွေး နွေး တင်ပြကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် အာဆီယံလေတပ် ဦးစီးချုပ်များအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။

#PAN