တရုတ်နှင့် အိန္ဒိယခရီးသည်များအား ဆိုက် ရောက် ဗီဇာခွင့်ပြုပေးမည်

စက်တင်ဘာ ၁၅

       မြန်မာနိုင်ငံကို လေကြောင်းနဲ့ဝင်ရောက်လာမယ့် တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှ ခရီးသည်တွေကို ကမ္ဘာလှည့် ဆိုက်ရောက်ဗီဇာတွေ မကြာခင်ထုတ်ပေးသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စက်တင် ဘာလ ၁၂ ရက် ထုတ်ပြန်ချက်အရ သိရပါသည်။

      ယခုလို ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ဆောင်ရွက်မှာဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

      တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှ ခရီးသွားများအနေနှင့် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို ဝင်ရောက် လာပါက ဆိုက် ရောက်ဗီဇာလျှောက်လွှာများကို အခမဲ့ရယူပြီး ရောင်စုံဓာတ်ပုံနှစ်ပုံနှင့်အတူ လျှောက်လွှာပုံစံ ဖြည့်သွင်းရမှာ ဖြစ်ကြောင်း၊ ဗီဇာကြေးအတွက် သတ်မှတ်နှုန်းထားကို အမေရိကန်ဒေါ်လာနှင့် ကောက်ခံသွားမှာဖြစ်ကြောင်း သိရပါသည်။

      ဆိုက်ရောက်ဗီဇာကို ကမ္ဘာလှည့်ဗီဇာတစ်မျိုးတည်းသာ ခွင့်ပြုပေးသွားမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး ၆ လကျန်ရှိရမှာဖြစ်ကာ ၆ လအောက်ဖြစ်ပါက ပြည်ဝင်ခွင့်မပြုကြောင်း သိရပါသည်။ ဆိုက်ရောက်ဗီဇာနှင့် ဝင်ရောက်လာသော ခရီးသွားများအနေနှင့် နေထိုင်ခွင့်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထား၍ မရ သလို သတ်မှတ်ရက်ထက်ကျော်လွန်နေထိုင်ပါက ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ ကမ္ဘာလှည့် ဆိုက်ရောက်ဗီဇာနှင့် ဝင်ရောက်လာသည့် ခရီးသွားများကို ရက် ၃၀ နေခွင့်ပြုထားပြီး ဗီဇာကြေးက ဒေါ်လာ ၅၀ သတ် မှတ် ထားပါသည်။

#PAN