စည်းကမ်းပိုင်းဆိုင်ရာကိစ္စကြောင့် ဆန်ချိုကို မန်ယူအသင်း လေ့ကျင့်ခွင့်ပိတ်ပင်

စက်တင်ဘာ ၁၅
မန်ယူဘက်က နည်းပြတန်ဟက်ဂ်နဲ့ အချင်းများခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုကို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ဆင်းခွင့် ပိတ်လိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။
မန်ယူဟာ ဆန်ချို ကို ဆိုရှယ် မီဒီယာမှာ တင်ခဲ့တဲ့ ပိုစ့် နဲ့ ပတ်သက်ပြီး နည်းပြ တန်ဟတ် ကို ပြန်လည် တောင်းပန်ဖို့ ပြောဆိုခဲ့ပေမယ့် ဆန်ချို က ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်းရဲ့ ဒီကြေညာချက်ကြောင့် ဆန်ချိုဟာ မကြာခင်မှာ မန်ယူ နဲ့ လမ်းခွဲတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။