စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာအနီး အကြမ်းဖက် PDF များ၏လက်နက် ခဲယမ်းနှင့်  ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

စက်တင်ဘာ ၁၅

      ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာအနီးတဝိုက်တွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေထိုင်လျှက်ရှိကြောင်း တာဝန်သိ ဒေသခံပြည်သူများက သတင်းပေးပို့လာသဖြင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက်သမား PDF များက ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြကြောင်း သိရပါသည်။

     ထိုသို့  နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ နေရာရှိလူနေတဲများကို ဝင်ရောက်ရှင်း လင်းရာ လက်လုပ် ၆၀ မမစိန်ပြောင်း ၄ လက် ၊ လက်လုပ် ၆၀ မမဗုံးသီး ၄၀ လုံး၊ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်လက်ပစ်ဗုံး ၁၆ လုံး၊ပြောက်ကျားယူနီဖောင်း ၁၄ စုံ၊ ပြောက်ကျားလည်တိုဖိနပ် ၁၂ ရံ၊ ဆေးမျိုးစုံထည့်ထားသည့်အိတ် ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

     အကြမ်းဖက်သမား PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ဒေသခံပြည်သူများက စိတ်ကုန်လာကြကြောင်း သိရပါသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် အကြမ်းဖက် PDF များသတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှိုဝှက်သတင်းပေးပို့ကြရန် နှိုးဆော်ထားကြောင်း သိရပါသည်။

#PAN