စက်တင်ဘာ ၁၅
ကရင်အမျိုးသားအစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်ဧ မှ တပ်မဟာ (၇)၊ ဘားအံခရိုင်အနေဖြင့် NCAစာချုပ်က်ို KNU ကရင်အမျိုးသားအစည်းအရုံးမှ တရား၀င်ပျက် ပြယ်ကြောင်းထုတ်ပြန်ကြေငြာခြင်းမရှိသည့်အပြင် နယ်မြေဒေသတည်ငြိမ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် NCA ကို အခြေခံကာ ပြည်သူ့အကျိုးကိုရှေးရူ၍ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာအဖြေရှာလာနိုင်ကြရေးအတွက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိ ပေးထုတ်ပြန်ကြေငြာချက်တစောင် အားထုတ်ပြန် ခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် NCA စာချုပ်ကို ချုပ်ဆိုနိုင်ရန်နှင့် NCA စာချုပ်ခိုင်ခိုင်မာမာ သက်ဝင်ချုပ်ဆိုထားနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံ တကာအသိသက်သေများရှေ့တွင် ချုပ်ဆိုထားသောစာချုပ်တစ်ရပ်လည်းဖြစ်ကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းအရ အဖြေမရှာဘဲ စစ်ရေးနည်းဖြင့် အဖြေရှာလာခြင်းမှ ဖြစ်ပေါ်လာရသော ပြသနာကြီးကြောင့် နှစ်(၇ဝ)ခန့် စစ်ပွဲအတွေ့အကြုံကို အခြေခံ၍ အဖြေရှာခဲ့ရာ နိုင်ငံ ရေးပြသနာကို နိုင်ငံရေးနည်းဖြင့်တွေ့ဆုံအဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရရှိလာသည့်အပေါ် KNU ကွန်ကရက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့်ရှေ့လုပ်ငန်းစဉ်တွင် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိ အလင်း ဖေါ်ပြထားပြီးဖြစ်ကြောင်း၊ KNU ကရင်အမျိုးသားအစည်း အရုံးမှ မိမိနိုင်ငံရေး ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်နိုင်ရေးသဘောထားများအား NCA စာ ချုပ်တွင် အခြေခံအားဖြင့် ထားရှိနိုင်ရေးအတွက် ထည့်သွင်းထားပြီးဖြစ်ကြောင်း ဖော်ပြပါရှိပါ သည်။
ကရင်အမျိုးသားအစည်းအရုံး KNU က ယခင်အပတ်အတွင်းက ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၏ ၆ လပတ် တပ်မှူးများအစည်းအဝေးတွင် KNLA တပ်မဟာ ၃ ခုမှ တပ်မဟာမှူးများကို အသစ်ခန့်အပ်ခဲ့သည်။ အဆိုပါ အသစ်ခန့်အပ်သည့် တပ်မဟာ ၃ ခုတွင် တပ်မဟာ(၇) လည်းပါဝင်ပါသည်။ ထိုသို့ တပ်မဟာမှူးအသစ်များ ခန်အပ်ပြီးနောက် တပ်မဟာ (၇)၊ ဘားအံခရိုင်က ယခုလို သဘောထား ထုတ်ပြန်လာကြောင်း သိရပါသည်။
#PAN