“အမေရိကန်နိုင်ငံက အီဂျစ်နိုင်ငံ၏နိုင်ငံရေး အကျဥ်းသားများ ဖမ်းဆီးထိန်းသိမ်းမှုများ နှင့်ပတ်သတ်ပြီး အီဂျစ်နိုင်ငံ အပေါ်ထောက်ပံ့ နေသည့် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အကူညီငွေများ ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့”

စက်တင်ဘာ ၁၄

အမေရိကန်နိုင်ငံက နိုင်ငံရေးအရ အကျဥ်းသားများ ဖမ်းဆီးထိန်း သိမ်းမှုများကြောင့် အီဂျစ်နိုင်ငံသို့ ထောက်ပံ့နေသည့် ကန်ဒေါ်လာ ၈၅ သန်းကို ဆိုင်းငံ့ထားရမည်လို့ အမေရိကန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုင်ရို၏ လုံလုံလောက်လောက်သော နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို လွှတ်ပေးရန် ပျက်ကွက်မှုများရှိခဲ့သောကြောင့် အီဂျစ်နိုင်ငံသို့ ထောက်ပံ့နေသည့် စစ်ဘက်ဆိုင်ရာ အကူအညီ ကန်ဒေါ်လာ ၈၅ သန်းကို အမေရိကန်နိုင်ငံက ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးက ပြီးခဲ့သည့် စက်တင်ဘာ ၁၃ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဆက်စပ်နေတဲ့ ကန်ဒေါ်လာ ၈၅ သန်းကို အမေရိကန် အစိုးရက ပြန်လည် သိမ်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ အမေရိကန် ဒီမိုကရက်တစ်ပါတီမှ အထက်လွှတ်တော်အမတ် Chris Murphy ပြောကြားခဲ့တာဖြစ်ပါတယ်။

“အီဂျစ်ရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံချိန်တွေ မတိုးတက်မချင်း ထောက်ပံ့ငွေ ကန်ဒေါ်လာ သန်း ၃၂၀ အပြည့် သိမ်းထားဖို့ အမေရိကန် အစိုးရအုပ်ချုပ်ရေးအဖွဲ့ကို ကျနော််တို့ တိုက်တွန်း ချင်ပါတယ်” လို့ Murphy က ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။