လားရှိုးမြို့ရေလျှံမှုကြောင့် ရပ်ကွက်နေသူ တစ်ဦးသေဆုံး

စက်တင်ဘာ ၁၄
မိုးသည်းထံစွာမှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ၊ အမှတ် ၅ ရပ်ကွက်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


စက်တင်ဘာလ ၁၃ ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လူနေရပ်ကွက်အတွင်း ရေလျံမှု့များဖြစ်ပေါ်ခဲ့ကာ အဆိုပါ ရေကြီးမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါရေကြီးရေလျံမှုဖြစ်ပေါ်သည့်နေရာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အဖွဲ့များသွားရောက်ကြည့်ရှု့ပြီးကယ်ဆယ်ရေးလုပ်ငန်းများကို အနီးကပ်ညွန်ကြားလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

#PAN