“လစ်ဗျားနိုင်ငံ Derna ဆိပ်ကမ်းမြို့တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူ ၅၃၀၀ ကျော်သေး ဆုံးခဲ့ရပြီး ပျောက်ဆုံးနေသူ ထောင်ပေါင်း များစွာ ရှိနေဆဲ”

စက်တင်ဘာ ၁၄

လစ်ဗျားနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်း ကြောင့် သေဆုံးသူဦးရေ တိုးလာမယ်လို့ သတင်းဌာနများက ခန့်မှန်းထားကြပြီး ၎င်းတို့နိုင်ငံ၏ ပင်လယ်ပြင်တွင် လူသေ အလောင်းများစွာသယ်ယူနေရကြောင်းဖော်ပြထားပါတယါ။

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ရက် ဗုဒ္ဓဟူးနေ့က ၎င်းတို့နိုင်ငံအနီးရှိ ပင်လယ်ပြင် သို့ ဖြတ်သွားသော မုန်တိုင်းကြောင့် သေဆုံးသူဦးရေ တိုးလာကာ ထောင်နှင့်ချီ သေဆုံးကြောင်း အတည်ပြုထားပြီး နောက်ထပ် ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံ၏ အရှေ့ဘက်အပိုင်းရှိ Derna ဆိပ်ကမ်းမြို့ ဧရိယာများတွင် မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ ဒေသ၏ အထပ်မြင့် အဆောက်အအုံ များတွင်နေထိုင်ကြသည့် မိသားစုများပါ မျောပါမှုများဖြစ်ပွားခဲ့ရတာလည်းဖြစ်ပါတယ်။

လစ်ဗျားအရှေ့ပိုင်းဒေသ အုပ်ချုပ်ရေးဆိုင်ရာ အရပ်ဖက် ဝန်ကြီးက “ပင်လယ်ပြင်မှာ အလောင်း ဒါဇင်ပေါင်းများစွာကို အဆက်မပြတ် ဆယ်ယူနေရတယ်” လို့ ပြောကြားထားပါတယ်။

“အခုချိန်ထိ သေဆုံးသူ ၅၃၀၀ ကျော်ကို ကျနော်တို့ ရေတွက်ထားပြီး အရေအတွက်က သိသိသာသာ တိုးလာဖွယ်ရှိပြီး ပျောက်ဆုံးသူ အရေအတွက်ဟာလည်း ထောင်ပေါင်းများစွာ ရှိနေတာကြောင့်သေဆုံးမှုများဟာ ခန့်မှန်းထားသည့် ရာခိုင်နှုန်းထက် နှစ်ဆတောင် ရှိနိုင်ပါတယ်” လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။