မြန်မာ့သကြား ပြည်ပဝယ်လိုအားမြင့်မားလာသော်လည်း ပြည်တွင်းစားသုံးမှုဖူလုံစေရေး ဦး စားပေး၊ပြည်တွင်း သကြားထုတ်လုပ်မှု တိုးတက်လာစေရန် ဆောင်ရွက်လျှက်ရှိ

စက်တင်ဘာ ၁၄

     ဗီယက်နမ်နိုင်ငံက မြန်မာ့သကြားတန်ချိန် ၁၀,၀၀၀ ဝယ်ယူလိုကြောင်း အမှာစာပေးပို့ထားပြီး လက်ရှိ ပြည်တွင်းစားသုံးမှုဖူလုံစေရေး ဦး စားပေးနေသည့်အတွက် လာမည့် ကြံရာသီမှ ဗီယက်နမ်နိုင်ငံသို့ သကြားတင်ပို့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြံနှင့် သကြား လုပ်ငန်းရှင်များအသင်​ထံမှ သိရပါသည်။

       မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံ က အများဆုံးဝယ်ယူနေပြီး လက်ရှိ တန်ချိန် ၇၀,၀၀၀ မှ
တန် ၉၀,၀၀၀ ဝန်းကျင်အထိ တင်ပို့နေရပါသည်။
ဗီယက်နမ်နိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကပါ မြန်မာ့သကြားဝယ်လိုကြောင်း ကမ်းလှမ်းထားပြီး အခြားနိုင်ငံ အချိုကလည်း ဝယ်ယူလိုကြောင်း ကမ်းလှမ်းမှုတွေရှိနေကြောင်း၊ သို့သော်လည်းပြည်တွင်း သကြားထုတ်လုပ်နိုင်မှု နည်းနေသေးခြင်းကြောင့် တင်ပို့နိုင်ခြင်းမရှိသေးကြောင်း
သိရပါသည်။

        ပြည်တွင်း သကြားထုတ်လုပ်မှု တိုးတက်လာစေရန် အတွက် ကြံစိုက်ဧရိယာသစ်များရှာဖွေခြင်း၊ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခြင်းတို့ကို ဦးစားပေး လုပ်ဆောင်နေကြောင်း သိရပါသည်။
ပြည်ပမှသကြားဝယ်လိုအား ကောင်းလာခြင်းကြောင့် သကြားဈေးကောင်းရရှိလာသလို လာမည့်နှစ် ကြံကြမ်းခင်း ဈေးအတွက် ရှမ်းမြောက်သကြားစက်ရုံက ကြံတစ်တန် ကျပ် ၁၁၀,၀၀၀ ထိ ဈေးပေးထားပြီး ထပ်မံ၍လည်းဈေး တိုးမြှင့်ပေးနိုင်သည့် အခြေအနေရှိနေကြောင်း ကြံ၊ သကြားလုပ်ငန်းရှင်အသင်းမှ သိရပါသည်။

      မြန်မာနိုင်ငံတွင် ကြံစိုက်ဧက ၄၅၀,၀၀၀ ကနေ ၅၀၀,၀၀၀ ထိရှိပြီး တစ်နှစ်ကို သကြားတန်ချိန် ငါးသိန်းဝန်းကျင် ထွက်ရှိကြောင်း သိရပါသည်။

#PAN