စက်တင်ဘာ ၁၄
ပြည်ပကို ဆန်တင်ပို့မှုတွေ လာမည့် လများတွင် ပြန်လည်းတိုးတက်လာမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရပါသည်။ ပြည်ပဆန်တင်ပို့မှုအနေနှင့် မိုးတွင်းကာလဖြစ်သည့် ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လများတွင် ဆန်တင်ပို့မှု လျော့နည်းခဲ့ပေမဲ့ ပွင့်လင်းရာသီတွင် ဆန်တင်ပို့မှု ပြန်များလာမှာ ဖြစ်သည်ဟု ဆိုပါသည်။
ပြည်ပကိုဆန်တင်ပို့မှုများမှာ မိုးတွင်းကာလတွင် အခက်အခဲရှိပြီး လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဆန်တွေ ပိုမိုတင်ပို့နိုင်မည် ဖြစ်ကြောင်း သိရပါသည်။
ပြည်ပနိုင်ငံများကို ဆန်တင်ပို့မှုများလာမည်ဖြစ်ပေမဲ့ ပြည်တွင်းစားသုံးမှုအတွက်ကတော့ ဖူလုံမှုရှိကြောင်း သိရပါသည်။
ဆန်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် နိုင်ငံတစ် ဝန်းတွင် လက်လီဈေးထက် သက်သာသည့်နှုန်းထားနှင့် ဆန်အိတ်များ ဆက်လက်ထုတ်ရောင်းပေးနေရာ ဆန်အိတ်ရေသိန်းချီ ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ယခုဘဏ္ဍာ ရေးနှစ် ပထမငါးလအတွင်း ပြည်ပနိုင်ငံများကို ဆန်တန်ချိန် သုံးသိန်း ရှစ်သောင်းနီးပါးခန့်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၆ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်သည့် စာရင်းများအရ သိရပါသည်။
#PAN