ဒီပဲယင်းမြို့ပေါ်တွင် လုံခြုံရေးကင်းလှည့်နေသာ လုံခြုံရေးအဖွဲ့ဝင် ၃ ဦးကို အကြမ်းဖက်PDFများက ဖမ်းဆီးသတ်ဖြတ်

စက်တင်ဘာ ၁၄


ဒီပဲယင်းမြို့နယ် အနောက်ဘက်ပိုင်းရပ်ကွက်တွင် ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်၌ အကြမ်းဖက် PDF များက လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ကိုချောင်းမြောင်း ဖမ်းဆီး ပစ်ခတ်သွားကြောင်း သိရသည်။

PDF အကြမ်းဖက်များမှ ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးသွားကြောင်းနယ်မြေခံသတင်းအရပြီး ဖမ်းဆီးခံရသူ ၃ ဦးထဲမှ ၂ ဦးကို မြို့အထွက်တံတာပေါ်တွင် ခေါင်းဖြတ်အသတ်ဖြတ်သွားကြောင်းသိရပြီး ရဲတပ်သားတစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါရွှေဘိုခရိုင်မြို့နယ်အတွင်းတွင် လူသတ်အကြမ်းဖက် PDFအဖွဲ့များသည် မြို့ပေါ်ဒေသရှိ လုံခြုံရေးအဖွဲ့များ ၊ ၎င်းတို့ကို ထောက်ပံ့ခြင်းအားမပေးခြင်းပြုသူများကို ချောင်းမြောင်း ဖမ်းဆီးခြင်း ၊ သတ်ဖြတ်ခြင်း ၊ပြန်ပေးဆွဲခြင်းများ နေ့စဉ်လိုလိုဖြစ်ပေါ်နေကြောင်း သတင်းများအရ ကြားသိရသလို ဒေသခံပြည်သူများကလည်း လူသတ်အကြမ်းဖက်အဖွဲ့များကို ထိရောက်စွာ နှိမ်နင်းပေးစေလိုကြောင်း နိုင်ငံတော်ကို တောင်းဆိုနေသည့်အသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လျှက်ရှိကြောင်း ကြားသိရပါသည်။

#PAN