စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များက လူသတ်အကြမ်းဖက် PDF များထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

စက်တင်ဘာ ၁၄

     ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် တံတားဦးကျေးရွာအနီး ရောက်ရှိစဉ် အကြမ်းဖက်သမား PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်သမား PDF များ ကစဥ်ကလျားဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း သိရပါသည်။

     ထိုကဲ့သို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်လုံခြုံ ရေးအဖွဲ့များက တိုက်ပွဲနေရာအားရှင်းလင်းရာ အကြမ်းဖက်သမား PDF ၃ ဦးကို အမ် ၁၆ သေနတ် ၁ လက်၊ ကျည် ၁၄ တောင့်၊ ကျည်အိမ် ၁ ခု၊ FGC-9(MK) သေနတ် ၁ လက်၊ လက်လုပ် ၄၀ မမသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၇ လက်၊ လက်လုပ်မိုင်း ၂၀ လုံး၊ ကား ၁ စီးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

       အလားတူ ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်း အကြမ်းဖက်သမား PDF များက လက်နက်ခဲယမ်းများ သိုဝှက်ထားကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းရာ လက်လုပ် ၆၀ မမ စိန် ပြောင်း ၃ လက်၊ Power Bank ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံး၊ ညကြည့်မှန်ပြောင်း (ဓာတ်ပုံရိုက်နိုင်) ၁ လက်၊ ရိုးရိုးမှန်ပြောင်း ၁ လက်၊ ပြောက်ကျားယူနီဖောင်း ၂ စုံ၊ပြောက်ကျားအင်္ကျီ ၁ ထည်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဆိုင်ကယ် ၄ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN