မိုးသည်းထန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့နယ် ၊ ရွာတန်းရှည် ကျေးရွာနေအိမ် ၂ လုံးပျက်ဆီး

—————-

စက်တင်ဘာ ၁၃

မိုးသည်းစွာရွာသွန်းပြီး လေတိုက်ခိုက်မှုကြောင့် ယနေ့ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ် ပေါင်မြို့နယ် ၊ ရွာတန်းရှည် ကျေးရွာနေ ဦးချစ်ဝင်း(၆၄)နှစ် (ဘ) ဦးစံသိန်း ကျပန်းလုပ်ကိုင်သူ၏နေအိမ် ပျဉ်ကာ၊ ပျည်ခင်း၊ သွပ်မိုး၊ ခြေတန်ရှည်နေအိမ် နောက်ဖေးခန်းပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ၅ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရွာတန်းရှည်ကျေးရွာနေ ဦးအုပ်ချုပ် (၇၅)နှစ် (ဘ)ဦးဖေမောင် ကျပန်းလုပ်ကိုင်သူ၏ နေအိမ် ပျဉ်ကာ၊ ပျည်ခင်း၊ သွပ်မိုး၊ ခြေတန်ရှည်နေအိမ်မှာ ခေါင်မိုးလန်ပျက်စီးခဲ့ရာ သွပ် ၃၈ ချပ်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၈သိန်းခွဲခန့် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ နေအိမ် ၂ လုံးပျက်စီးမှုကြောင့် လူ၊တိရိစ္ဆာန်ထိခိုက်သေဆုံးခြင်းမရှိကြောင်း၊ ဦးချစ်ဝင်း ၏နေအိမ်တွင် ကျား ၁ ဦး၊ မ ၁ဦး နေထိုင်ပြီး ၎င်း၏နေအိမ်တွင် ဆက်လက်နေထိုင်လျက်ရှိ ကြောင်းနှင့် ဦးအုပ်ချုပ်နေအိမ်တွင် ကျား ၂ ဦး၊ မ ၁ ဦး နေထိုင်ပြီး ၎င်းတို့မိသားစုဝင်များသည် တစ်ရွာတည်းနေ သားဖြစ်သူ မောင်ဖိုးနူး၏နေအိမ်သို့ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိပါကြောင်း   သိရှိရပါသည်။

#PAN