ဘိုကလေးမြို့နယ်တွင် အသက် ၆ နှစ်အရွယ် လယ်ပိုင်ရှင်၏ ညီမဖြစ်သူအား လယ်စာရင်းငှားမှ အဓမ္မ ပြုကျင့်မှုဖြစ်ပွား


စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ကျွန်းသာယာရွာတွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် (ဘ) ဦးကျော်၏သားဖြစ်သူ ဦးအုန်းမြင့် ၅၅ နှစ်ဆိုသူက တစ်ရွာတည်းနေ သမီးဖြစ်သူ မ-------- ၆ နှစ် အား အဓမ္မပြုကျင့်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် တရားခံ ဦးအုန်းမြင့်သည် ကျွန်းသာယာကျေးရွာရှိ ဦးမျိုးနိုင်၏လယ်တွင် စာရင်းငှားလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး၊ အိမ်ရှိလူကြီးများလယ်တောသို့ သွားရောက် အလုပ် လုပ်ကိုင်နေချိန် မ-------သည် တစ်ဦးတည်းရှိနေစဉ် အိမ်ပေါ်တက်၍ အဓမ္မပြုကျင့်ခဲ့ကြောင်းသိရှိရသည်။

အိမ်နီးခြင်းတစ်ဦးမှ ကလေးမလေးငိုသံကြား၍ သွားရောက်မေးမြန်းခဲ့ရာ ကလေးငယ်မှ ဦးအုန်းမြင့်က သမီးကို မဟုတ်တာလုပ်သည်ဟု ပြောဆိုသဖြင့်၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဖခင်ဖြစ်သူနှင့် အကိုတို့ထံဖုန်းဆက်တိုင်ကြားခဲ့ပြီး‌‌ ၎င်းတို့ ရောက်ရှိလာချိန်တွင် ကလေးငယ်ကို သေချာမေးမြန်းကာ တရားခံကိုလိုက်လံဖမ်းဆီးပြီး ကြိမ်ချောင်းကျေးရွာ ရဲစခန်းသို့အပ်နှံခဲ့ကြောင်း၊ ကလေးငယ်အား ကြိမ်ချောင်းဆေးရုံတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ယနေ့တွင် ဘိုကလေးမြို့မရဲစခန်းသို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တရားခံအားပို့ဆောင်ခဲ့ကြောင်း သိရသည်။

#PAN