သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အုပ်ချုပ်ရေးမှူးတစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၁၂

        ယမန်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သိမ့်သိမ့်လွင်အား လူသတ်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်သတ်ဖြတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် ၎င်း၏သမီးဖြစ်သူ ဒေါက်တာဒေါ်မေသူလွင်နှင့် အတူ သာယာဝတီမြိုနယ်၊ သာယာအေးရွာမှ ဆေးခန်းပိတ်ပြီး ဆိုင်ကယ်ဖြင့်အပြန် သမီးဖြစ်သူ ဒေါက်တာဒေါ်မေသူလွင်မှ မောင်းနှင်ပြီး သေဆုံးသူသည် နောက်မှထိုင်၍ လိုက်ပါလာစဉ် သာယာအေးကျေးရွာအနီးရှိ အမှတ်(၃၅)ခြေလျင်တပ်ရင်း တပ်ရှောင်လမ်းအရောက်တွင် ၎င်းတို့နောက်မှ ဆိုင်ကယ်မောင်းနှင်လာသော လူသတ်အကြမ်းဖက် PDF (စိစစ်ဆဲ) ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြကြောင်း၊ ထိုပစ်ခတ်မှုကြောင့် ယာဘက်ရင်အုံကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်စေ့ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်တိုဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်း ရပ်ကွက်သည် ယခင် အုပ်ချုပ်ရေးမှူး လုပ်ကြံပစ်သတ်ခံရသည်မှာ ၄ လခန့်ပင်ရှိသေးပြီး ထို လစ်လပ်နေရာအား ယခုသေဆုံးသူအား အစားထိုးခန့်ထားခဲ့ခြင်း ဖြစ်ကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

#PAN