သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာနှင့် ဖားရွှေကျော်ကျေးရွာကြားတွင် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ကင်းပုန်းဝပ် ပိတ်ဆို့စစ်ဆေး ထွက်ပြေးသွားသော အကြမ်းဖက် PDF ၃ ဦးကို ပစ်ခတ်ဖမ်းဆီး

စက်တင်ဘာ ၁၂

        ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာနှင့် ဖားရွှေကျော်ကျေးရွာကြားအစပ်၌ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က ကင်း ပုန်းဝပ် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် ဖားရွှေကျော်ကျေးရွာဘက်မှ သာယာအေးကျေးရွာဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးမည်ပြုစဉ် စီးနင်းလာသူ ၃ ဦးအနက် နောက်ဆုံးမှလိုက်ပါလာသူမှာ ဆိုင်ကယ်ပေါ်မှဆင်း၍ လာရာလမ်းအတိုင်း ထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့မှ သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

      ထိုသို့ ပစ်ခတ်ဖမ်းဆီးစဥ် ထွက်ပြေးသူ (အမည်မသိ)မှာ ဘယ်ဘက်နံစောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ထိုသို့ ပစ်ခတ်ဖမ်းဆီးစဉ် ကျန် ၂ ဦးမှာ သာယာအေးကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားသဖြင့် ကျန်လုံခြုံရေးအဖွဲ့များမှ ဝိုင်းဝန်းပစ်ခတ်ရာ ထွက် ပြေးသူ(အမည်မသိ) ၂ ဦးအနက်မှ ၁ ဦးမှာ လည်ပင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ကျန် ၁ ဦးမှာ နောကျောဖောက်ဝင် ဒဏ်ရာ ၂ ချက်တို့ ရရှိခဲ့ကြောင်း သိရပါသည်။

       အဆိုပါ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သုံးဆယ်မြို့၊ စံရွေးတန်းအုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်အား အမည်မသိအမျိုးသား(စီစစ်ဆဲ)နှစ်ဦးမှ သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယခုလို ကင်းပုန်းဝပ်ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးစဉ် အဆိုပါ အကြမ်းဖက်သမား PDF ၃ ဦးသည် စစ်ဆေးရေးအဖွဲ့အနီးရောက်ရှိလာပြီး စစ်ဆေးမှုခံယူမှု မရှိဘဲ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     ထိုသို့  ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာမှ အကြမ်းဖက်သမား PDF ၃ ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲပြီး ၎င်းသေဆုံးသူ ၃ ဦးနှင့်အတူ ဖူချီဆပ်ပြာဘူးခွံဖြင့်ပြုလုပ်ထားသည့်လက်လုပ်မိုင်း ၂ လုံး၊ PVC ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသောလက်လုပ်မိုင်း ၃ လုံး၊ လက်ပစ် ဗုံး ၁ လုံး၊ နံပါတ်ပြားမပါ Louija-၁၁၀ အမျိုးအစား(အနက်ရောင်)ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      သေဆုံးသူအမည်မသိအကြမ်းဖက်သမား PDF ၃ ဦးသည် သာယာအေးကျေးရွာနှင့် ဖားရွှေကျော်ကျေးရွာတို့တွင် နေထိုင်ကြသူများမဟုတ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပြောဆိုချက်အရ သိရပါသည်။

#PAN