မြိုင်မြို့နယ်၊ သင်းပေါင်းကန်ကျေးရွာတွင် အကြမ်းဖက်သမား PDF များ ခိုးအောင်းနေကြောင်းသတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်း လက်နက်ခဲယမ်းများနှင် ဆိုင်ကယ်၊မော်တော်ယာဥ်များ သိမ်းဆီးရမိ

စက်တင်ဘာ ၁၂

     မကွေတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သင်းပေါင်းကန်ကျေးရွာတွင် အကြမ်းဖက်သမား PDF များ အခြေပြု ခိုးအောင်းနေကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့မှုကြောင့် နယ်မြေခံလုံခြုံရေးအဖွဲ့များက အဆိုပါရွာသို့ သွားရောက်ရှင်းလင်းရာ အကြမ်းဖက်သမားများ ကိုယ်လွတ် ရုန်းထွက်ပြေးသွားကြကြောင်း သိရပါသည်။

      အဆိုပါရွာအတွင်း လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ စာသင်ကျောင်းဝန်းအတွင်းမှ လက်လုပ်စိန်ပြောင်း ၇ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ဗုံးသီး ၁၀ လုံး၊ တိုက်မိုင်းခလုတ် ၅ ခု၊ ယမ်း(၂ ပိဿာခန့်) ၁ ထုပ်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ပြောက်ကျားဦးထုပ် ၂ လုံး၊ပြောက်ကျားအင်္ကျီ ၃ ထည်၊ ကားဘက္တရီ ၁ လုံး၊ ဆိုလာ ၃ ချပ်၊ ဆိုင်ကယ် ၅ စီး၊ Light Truck ကား ၁ စီးတို့ကို သိမ်းဆည်းရမိကြောင်း သတင်း ရရှိပါသည်။

    အကြမ်းဖက်သမား PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ဒေသခံပြည်သူများက စိတ်ကုန်လာကြကြောင်း သိရပါသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် အကြမ်းဖက် PDF များသတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှိုဝှက်သတင်းပေးပို့ကြရန် နှိုးဆော်ထားကြောင်း သိရပါသည်။

#PAN