ပဲခူးမြို့နယ်တွင် ချောင်းအတွင်းရေဆင်းကူးရာမှလူငယ်တစ်ဉီးရေနစ်သေဆုံး


စက်တင်ဘာ ၁၃

ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ် ၊ ဘုရားကြီးမြို့နေသူ မောင်ခန့်သစ္စာ(ခ)ဘိုမ ၊အသက်(၁၆)နှစ်(ဘ)ဦးပု ၊ရပ်ကွက်ကြီး(၃)၊ပဒေသာရပ်ကွက်၊ဘုရားကြီးမြို့ နေသူသည် သူငယ်ချင်းနှစ်ဦးနှင့်အတူ ပဲခူးမြို့နယ်၊ဘုရားကြီးမြို့၊ဆည်မြောင်းလမ်းအတွင်းရှိ ကလိချောင်း၌ ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားကြောင်း သိရသည်။

ပျောက်ဆုံးနေသူများအား အရန်မီးသတ် တပ်ဖွဲ့၊ဘုရားကြီးမြို့၊ဘုရားကြီးလူငယ်ဂတုံးအဖွဲ့နှင့်ရေငုတ်ကျွမ်းကျင်သူလူငယ်များမှ ပူးပေါင်းပြီးရှာဖွေခဲ့ကြသော်လည်း ရေစီးသန်ခြင်းကြောင့်ည ၇ နာရီ ၄၅ မိနစ် အချိန်ထိ ရှာဖွေကြသော်လည်းမတွေ့ရှိခဲ့သဖြင့်နောက်နေ့ နံနက်(၆)နာရီမှ ပြန်လည်ရှာဖွေရန်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ထို့နောက် ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် ရေနစ်ပျောက်ဆုံးနေသူအား ဝိုင်းဝန်းရှာဖွေခဲ့ရာ ရွှေတန်တံတားအနီးတွင် ရေနစ်သေဆုံးနေသော အလောင်းအား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေးနေကြောင်းသိရသည်။