“ဆီးရီးယားနိုင်ငံက ၎င်းတို့နိုင်ငံအတွင်း ရှိ ရေနံများ ခိုးယူထုတ်နေမှုများ နှင့် ပတ်သက်ပြီး အမေရိကန် အစိုးရထံမှ ဒေါ်လာ ၂၇ ဒသမ ၅ ဘီလီယံ လျော်ကြေး တောင်းဆိုထား”

စက်တင်ဘာ ၁၂

ဆီးရီးယားနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံ၏ သယံဇာတ ပေါကြွယ်ဝသော အရှေ့မြောက် ပိုင်း ဒေသရှိ ဆီးရီးယားနိုင်ငံ၏ ရေနံများ ကို ခိုးယူထုတ်နေ မှုနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံအစိုးရအား “တာဝန်ယူရမည်” လို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား စက်တင်ဘာ ၁၀ ရက်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ခိုးယူတူးဖော်မှုများအတွက် အမေရိကန် အရာရှိတွေက တာဝန်ယူရမှာဖြစ်သလို အမေရိကန်အစိုးရအနေနဲ့ လျော်ကြေးငွေပေးဆောင်သွားရမှာဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေရဲ့တရားမ၀င်ရောက်ရှိမှုကို အဆုံးသတ်ကာ ၎င်းတို့ သိမ်းပိုက် ထားတဲ့မြေတွေနဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွင်းတွေကို ဆီးရီးယားအစိုးရထံ ပြန်လည်ပေးအပ်ဖို့ တာဝန်ရှိပါတယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံသို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ စာတစ်စောင်ပေးပို့ခဲ့တာဖြစ်ပြီး
“အမေရိကန်ပြည်ထောင်စုနှင့် ၎င်းတို့၏ အကြမ်းဖက်အဖွဲ့များနှင့် ပြည်သူ့စစ်များ၏ လက်နက်ကိရိယာများသည် ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို ဆက်လက်ချိုးဖောက်ကာ တရားမဝင် တစ်ဖက်သတ်အတင်းအကျပ် အရေးယူမှုများ၏ သက်ရောက်မှုများကို ပိုမိုဆိုးရွားလာစေရန်နှင့် ၎င်းတို့မြေ၏ စွမ်းရည်အရင်းမြစ်များကို ဆီးရီးယားနိုင်ငံသားများကို ဆုံးရှုံးနေရပြီး ရည်ရွယ်ချက်ဖြင့် ဆီးရီးယား နိုင်ငံ၏ ကြွယ်ဝမှုနှင့် မဟာဗျူဟာမြောက် အရင်းအမြစ်များကို လုယက်လျက်ရှိနေပါတယ်။ ကျနော်တို့ ဒုက္ခရောက်နေတယ်” လို့ အဆိုပါ စာထဲတွင် ထည့်သွင်းရေးသားထားပါတယ်။

ဆီးရီးယားနိုင်ငံက ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဆီးရီးယား စစ်ပွဲစတင်ချိန်မှစ၍ ၎င်း၏ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် ဝါရှင်တန်(အမေရိကန်) ကိုတောင်းဆိုထားပြီး အဆိုပါစာတွင် “၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ကာလတစ်လျှောက် စုစုပေါင်း ဒေါ်လာ ၁၁၅.၂ ဘီလီယံထိ လျော်ကြေးတောင်းဆိုထားတာလည်းဖြစ်ပါတယ်။ ”

ဆီးရီးယားအစိုးရ အရာရှိများ၏ တွက်ချက်မှုများအရ ၎င်းတို့နိုင်ငံ၏ ရေနံကဏ္ဍမှ တိုက်ရိုက်ဆုံးရှုံးမှုပမာဏမှာ ကန်ဒေါ်လာ ၂၇ ဒသမ ၅ ဘီလီယံရှိပြီး၊ ခန့်မှန်းချေ ရေနံစည် ၃၄၁ သန်းခန့် ခိုးယူခံနေရကာ အမှိုက်နှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် သွယ်ဝိုက် သော ဆုံးရှုံးမှုပမာဏမှာ ကန်ဒေါ်လာ ၈၇ ဒသမ ၇ ဘီလီယံဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆို ထားကြပါတယ်။