စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ကံပျိုကျေးရွာနေ ကံပျိုကျေးရွာ ရာအိမ်မှုး အား အကြမ်းဖက် PDF များမှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၁၂

ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ကံပျိုကျေးရွာနေ ကံပျိုကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ(ရာအိမ်မှုး)အား PDF အကြမဖက်များက သတ်ဖြတ်သွားကြောင်း သိရသည်။

ရာအိမ်မှူးဉီးမင်းမင်းဆန်း၊၃၈နှစ်၊(ဘ)ဉီးဌေးဉီးသည် နေအိမ်မှကံပျိုကျေးရွာရှိ လက်ဘက်ရည်ဆိုင်သို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ရာ ကံပျိုကျေးရွာ၊မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ လက်ဘက်ရည်ဆိုင်ရှေ့အရောက်တွင် အမည်မသိ၊အမျိုးသား ၂ဉီး၊ဆိုင်ကယ် ၁စီးဖြင့် ရောက်ရှိလာပြီး သေနတ်အရှည်(စီစစ်ဆဲ)ဖြင့် ၃ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

၄င်းပစ်ခတ်မှု့ကြောင့် ဉီးမင်းမင်းဆန်းတွင် နောက်ကျောမှဝမ်းဗိုက်သို့ ကျည်ဖောက်ထွက်ဒဏ်ရာ ၃ချက်ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

#PAN