စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဗိုလ်တေဇလမ်းမှာရှိတဲ့ ဇမ္ဗူရတနာကျောင်းတိုက်မှာ စက်တင်ဘာ ၁၁ ရက်၊ နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်က ကျောင်းတိုက်အတူနေ ဦးဇင်းတစ်ပါးက ကျောင်းထိုင်ဆရာတော်ကို တူနဲ့ထုသတ်ခဲ့တာကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇမ္ဗူရတနာကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးသီရိန္ဒသည် နေ့ဆွမ်းစားပြီး၊ ခဏနားချိန် ဆရာတော်၏ တပည့် (၇)ဝါရ ဦးဇင်းကြီး တပါးက ၁၀ပေါင်တူဖြင့် ဆရာတော်၏ ဦးခေါင်းကို ၃ ချက် ထုရိုက်ခဲ့သည့်အတွက် ဆရာတော်အား ဆေးရုံသို့ပို့စဥ် ပျံလွန်တော်မူသွားကြောင်းသိရသည်။
အဆိုပါတရားခံဖြစ်သူ ဦးဇင်းဥူးက္ကုန္ဒာစာရကို သိက္ခာချလူဝတ်လဲ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားပြီး ပျံတော်မှုသွားသော ဆရာတော်၏ ရုပ်ကလပ်တော်ကို မြို့ရှောင်လမ်းသုဿန်သို့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပို့ဆောင်မီးသင်္ဂြုလ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
#PAN