Hansi Flick ကို ထုတ်ပယ်လိုက်တဲ့ ဂျာမနီ

စက်တင်ဘာ ၁၁
ရလဒ်တွေ ဆိုးရွားနေတဲ့ ဂျာမန်လက်ရွေးစင်အသင်းနည်းပြ Hansi Flick ကို ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပယ်ကြောင်း တရားဝင်အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဒီတစ်ပတ်အင်္ဂါနေ့မှာ ကစားမယ့် ပြင်သစ်နဲ့ခြေစမ်းပွဲကို ယာယီနည်းပြအဖြစ် Rudi Völler က ကိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဂျာမန်နည်းပြရာထူးအတွက် ဘိုင်ယန်နည်းပြဟောင်း Julian Nagelsmann က ရေပန်းစားလျက်ရှိပါတယ်။